စူးစမ်းပါ
ဤသဘာဝပတ်ဝန်းကျင်ဆိုင်ရာ မြေပုံတွင် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းမွန်စွာ အကျိုးသက်ရောက်ရန် ရည်ရွယ်သည့် လက်ရွေးစင်စီမံကိန်းများကို အသားပေးဖော်ပြထားသည်။ ဤမြေပုံ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်အပေါ် အပြုသဘော သက်ရောက်မှုရှိသည့် စီမံကိန်းအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် စာရင်းပြုစု ပြသရန် မဟုတ်ပါ။ နမူနာကောင်းအချို့ကို ပြသရန်သာဖြစ်ပြီး ထိုနမူနာများကို မြန်မာတစ်နိုင်ငံလုံးတွင် လိုက်လံဆပွားလုပ်ဆောင်နိုင်ပါက မြန်မာနိုင်ငံတွင် ပိုမိုစိမ်းလန်းသော အနာဂတ် ဖြစ်ပေါ်နိုင်ပါလိမ့်မည်။. မြေပုံကို စူးစမ်းလေ့လာခြင်းဖြင့် သင်သည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသော စီမံကိန်းများနှင့် သစ်တောထိန်းသိမ်းရေးနှင့် လမုတောပြန်လည်စိုက်ပျိုးရေးနှင့် ပတ်သက်သော စီမံကိန်းများကို သိရှိပါမည်။ စက်မှုလုပ်ငန်းများတွင် ပြန်ပြည့်မြဲစွမ်းအင်၊ စွန့်ပစ်အမှိုက်နှင့် ရေစီမံခန့်ခွဲရေးလုပ်ငန်းဆိုင်ရာ ကနဦးလုပ်ငန်းများကိုလည်း သင် လေ့လာသိရှိနိုင်ပါသည်။ အကာအကွယ်ပေးထားသော ဧရိယာများအား ဝိုင်းဝန်း၍ တီထွင်ဆန်းသစ်မှုရှိရှိ စီမံခန့်ခွဲမှုအကြောင်းနှင့်တကွ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတွင် ဒေသနေပြည်သူများ၏ ဗဟုသုတရှိမှုနှင့် ရေရှည်အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နိုင်မှုတို့က မည်မျှအထိ အရေးပါကြောင်းကိုလည်း သင် သိရှိလာပါလိမ့်မည်။