
လေ့လာပါ
ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှု၊ သစ်တော၊ စွန့်ပစ်အမှိုက်၊ တစ်ခါသုံးကြွပ်ကြွပ်အိတ်၊ လေထုညစ်ညမ်းမှု။ ထိုစကားလုံးများကို ကျွန်ုပ်တို့အားလုံး သိကြသည်။ သို့သော် ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောများ၏ အကျိုးကျေးဇူးများကို ကျွန်ုပ်တို့မည်မျှအထိ သိရှိကြပါသလဲ။ လေထုညစ်ညမ်းမှုက ကျွန်ုပ်တို့အပေါ် ဘယ်လောက်အထိ ဆိုးကျိုးဖြစ်စေသလဲ။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ တစ်စထက်တစ်စ ကြီးမားလာသော အမှိုက်ပုံဖို့မြေများနှင့်အတူ ကျွန်ုပ်တို့ မြို့ကြီးတွေရဲ့ပုံစံက ဘယ်လိုရှိမလဲ။ ထို့အပြင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေး သို့မဟုတ် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့ လုပ်နိုင်သည့်အရာများကို သိပါသလား။
ဇီဝမျိုးစုံမျိုးကွဲများ
ဇီဝမျိုးစုံမျိုးကွဲများဟူသည် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါမျိုးစိတ် အမျိုးမျိုးကို ခေါ်ဆိုခြင်းဖြစ်သည်။ မြန်မာ့ဇီဝမျိုးစုံမျိုးကွဲများ၏ ကြွယ်ဝမှုကို လေ့လာပါ၊ ထိုကြွယ်ဝမှုကို မည်သည့်နှုန်းနှင့် မည်သည့်နည်းဖြင့် ကျွန်ုပ်တို့က ဖျက်ဆီးနေကြောင်း သိရှိနားလည်ပြီး ကျွန်ုပ်တို့၏ ကမ္ဘာမြေ ဆက်လက်ရှင်သန်ရေးအတွက် မှန်ကန်သောခြေလှမ်းများအကြောင်းကို လေ့လာလိုက်ပါ။