
မြန်မာနိုင်ငံ ကျေးလက်ဒေသရှိ စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေး
နောက်ခံအကြောင်း
လွန်ခဲ့သော ၁၀ နှစ်အတွင်း စားသုံးမှုပုံစံများ တရိပ်ရိပ်ပြောင်းလဲလာခဲ့ပြီး လက်ရှိတွင် တစ်ခါသုံး ကြွပ်ကြွပ်အိတ် မြောက်မြားစွာ သုံးစွဲစွန့်ပစ်နေသည့် မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် စွန့်ပစ်အမှိုက်များသည် စိုးရိမ်စရာပြဿနာတစ်ခု ဖြစ်လာနေသည်။ မြန်မာ့ကျေးလက်ဒေသများတွင် အစိုးရ၏ စည်းကမ်းဥပဒေများလည်းမရှိ၊ စွန့်ပစ်အမှိုက် တရားဝင် သိမ်းယူစုဆောင်းခြင်းစနစ်လည်းမရှိပေ။ ထို့ကြောင့် အမှိုက်များကို မီးရှို့ခြင်း သို့မဟုတ် မြစ်များနှင့် သမုဒ္ဒရာထဲ စွန့်ပစ်ခြင်း ပြုလုပ်ကြသည်။
စီမံကိန်း
၂၀၁၈ ခုနှစ်မှစတင်၍ Thant Myanmar သည် အဆိုပါ စွန့်ပစ်အမှိုက်ပြဿနာ ဖြေရှင်းနည်းရှာဖွေရန်အတွက် ကျေးလက်ဒေသခံပြည်သူများနှင့်အတူ စတင်ပူးပေါင်းလုပ်ကိုင်ခဲ့သည်။ ထိရောက်ပြီး ရေရှည်သုံးစွဲနိုင်သော စွန့်ပစ်အမှိုက်စနစ်တစ်ခု ထူထောင်ရေးအတွက် မရှိမဖြစ်အရေးပါသော ပန်းတိုင်သုံးရပ် သတ်မှတ်ထားသည်။ အော်ဂဲနစ်နှင့် အော်ဂဲနစ်မဟုတ်သည့် အမှိုက်များကို သီးခြားခွဲရမည်။ အမှိုက်သိမ်းယူစုဆောင်းသည့် အဆောက်အအုံကို ရပ်ရွာလူထုမှ စီမံကွပ်ကဲရမည်။ ပလပ်စတစ်အသုံးပြုမှုလျှော့ချရေး လူထုလှုပ်ရှားမှုများ သင်ကြားပို့ချရမည်။
Thant Myanmar သည် ကချင်ပြည်နယ်ရှိ အင်းတော်ကြီးအိုင်မှစ၍ ကရင်ပြည်နယ်ရှိ သံတောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းများအထိ နိုင်ငံအနှံ့ဒေသအသီးသီးရှိ ကျေးရွာပေါင်း ၃၀ ကျော်တွင် လုပ်ငန်းဆောင်ရွက်ခဲ့သည်။ ယင်းကျေးရွာများ၏ ၈၀% ကျော်တွင် စွန့်ပစ်အမှိုက်သိမ်းယူစုဆောင်းသည့် အဆောက်အအုံတစ်ခုရှိကြပြီး နောက်ဆုံးတွင် စွန့်ပစ်အမှိုက်များကို ရေနှင့် သဘာဝပတ်ဝန်းကျင်ထဲ စိမ့်ဝင်ယိုဖိတ်ခြင်းမရှိအောင် ဟန့်တားခဲ့သည်။
အဖွဲ့အစည်း
Thant Myanmar သည် ၂၀၁၈ ခုနှစ်တွင် ပေါက်ဖွားလာသော အခြေခံလှုပ်ရှားမှုတစ်ခုဖြစ်ပြီး လက်တွေ့ကျသော အစီအမံအမျိုးမျိုးကို ထိရောက်စွာ လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် တစ်ခါသုံးကြွပ်ကြွပ်အိတ် ညစ်ညမ်းမှုကို လျှော့ချရန် ရည်ရွယ်သည်။ ထိုရည်ရွယ်ချက် အကောင်အထည်ဖော်ရေးအတွက် Thant Myanmar သည် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဌာနများဖြင့် ပူးပေါင်းလုပ်ဆောင်နေသည်။



အကောင်အထည်ဖော်သူ

အကောင်အထည်ဖော်သည့် မိတ်ဖက်(များ)


မဲမောက် ရေတံခွန် အသေးစားရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်း
အသေးစားရေအားလျှပ်စစ်ထုတ်လုပ်ရေးမှ ကျေးရွာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း
