အကြောင်း

တို့ကမ္ဘာဆိုတာ ဘာလဲ။ ကျွန်ုပ်တို့က ဘယ်သူလဲ။

တို့ကမ္ဘာသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ကမ္ဘာ့သဘာဝတရားနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရေးအတွက် အဆောတလျင်လုပ်ဆောင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံတွင် ပိုမိုသိရှိလာစေရန် ရည်ရွယ်သည့် စုစည်းလှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ဤစုစည်းလှုပ်ရှားမှုကို ဥရောပသမဂ္ဂက ငွေကြေးကျခံစိုက်ထုတ်သည်။

တို့ကမ္ဘာသည် အနုပညာပြသမှုများ၊ ဆွေးနွေးမှုများ၊ ရုပ်သံအစီအစဉ်များနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းနှင့် ဆိုရှယ်မီဒီယာတွင် မျှဝေသော အကြောင်းအရာများ ပါဝင်သည့် မာလ်တီမီဒီယာ စုစည်းလှုပ်ရှားမှုတစ်ခုအဖြစ် ရေးဆွဲထားသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ပြင်ပပွဲအားလုံးကို ပယ်ဖျက်ထားရပြီး တို့ကမ္ဘာသည် ဒစ်ဂျစ်တယ်အဖြစ်သို့ လုံးလုံးလျားလျား ရောက်ရှိခဲ့သည်။

တို့ကမ္ဘာစုစည်းလှုပ်ရှားမှုတွင် ထည့်သွင်းဖော်ပြထားသော အနုပညာရှင်များနှင့် ကျွမ်းကျင်သူများသည် ၎င်းတို့၏ ရှုထောင့်နှင့် ထင်မြင်ချက်များကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိသည်။ ဤဝဘ်ဆိုက်နှင့် တို့ကမ္ဘာစုစည်းလှုပ်ရှားမှုတွင် ပါဝင်သော အကြောင်းအရာများသည် ပါဝင်သူများနှင့် တို့ကမ္ဘာအဖွဲ့သားများနှင့်သာ သက်ဆိုင်ပြီး ဥရောပသမဂ္ဂ၏ ထင်မြင်ယူဆချက်များကို တစ်သွေမတိမ်း ထင်ဟပ်ခြင်းမရှိပါ။