
မြန်မာနိုင်ငံ ဝေးလံခေါင်ဖျားဒေသများရှိ ဆိုလာ အသေးစားဓာတ်အားစနစ်
နောက်ခံအကြောင်း
မြန်မာနိုင်ငံတွင်းနေထိုင်သူ ၅၀% အောက်သာ ဘေးကင်းလုံခြုံပြီး စိတ်ချရသော လျှပ်စစ်မီးကို ရရှိကြသည်။ ထို့ကြောင့် ဒေသတွင်းနေထိုင်သူများသည် ရေနံဆီ၊ ဒီဇယ်နှင့် ထင်းကဲ့သို့ ဈေးနှုန်းကြီးမြင့်ပြီး ရေရှည်မသုံးစွဲနိုင်သော စွမ်းအင်နည်းလမ်းများကို မဖြစ်မနေ အသုံးပြုနေရသည်။ ထိုအလေ့အထများကြောင့် လူသန်းပေါင်းများစွာ၏ အသက်မွေးလုပ်ငန်းများ ထိခိုက်နှောင့်နှေးပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုဆီ အထူးဦးတည်လျက်ရှိသည်။
စီမံကိန်း
ဆိုလာ အသေးစားဓာတ်အားစနစ်သည် မြန်မာနိုင်ငံရှိ ဒေသခံပြည်သူများအတွက် ရေရှည်သုံးစွဲနိုင်ခြင်း မရှိသော စွမ်းအင်နည်းလမ်းများအတွက် သိသာထင်ရှားသော အစားထိုးနည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းသည် ကျေးလက်နေအိမ်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ မွေးမြူရေးခြံများနှင့် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သော သန့်ရှင်း၊ စိတ်ချရပြီး ဈေးနှုန်းသင့်တော်သော စွမ်းအင်ကို ပေးနိုင်သည်။ တနင်္သာရီတိုင်းနှင့် မြန်မာနိုင်ငံရှိ အခြားကျေးလက်ဒေသများတွင် Smart Power Myanmar သည် ဆိုလာ အသေးစားဓာတ်အားစနစ် အလားအလာကောင်းစေရန်အတွက် ဒေသခံပြည်သူများနှင့် အသေးစားဓာတ်အားစနစ်လုပ်ငန်းရှင်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် သုံးလပတ်အတွင်း၌ပင် Smart Power သည် တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာပေါင်း ခုနစ်ရွာမှ အိမ်ထောင်စုများကို အတိုးမဲ့ချေးငွေများ ထုတ်ပေးခဲ့သဖြင့် အသေးစားဓာတ်အားစနစ်များဖြင့် ချိတ်ဆက်ပြီး ၎င်း၏အကျိုးကျေးဇူးများကို ခံစားနိုင်ကြပြီဖြစ်သည်။ ၎င်းနှင့်အတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေသော Smart Power ၏ ကြိုးပမ်းမှုကြောင့် ရေရှည်မသုံးစွဲနိုင်သော လောင်စာများအပေါ် မှီခိုရမှုကို လျှော့ချပေးနိုင်ပြီး စီးပွားရေးလုပ်ငန်းများကို တိုးတက်စေသည့်အပြင် အသေးစားဓာတ်အားစနစ်လုပ်ကိုင်သူများလည်း ရေရှည်ရပ်တည်နိုင်စေသည်။ ယခုအခါ မြန်မာတစ်နိုင်ငံလုံးတွင် အသေးစားဓာတ်အားစနစ်ပေါင်း ၁၃၀ ကျော်ရှိသည်။
အဖွဲ့အစည်း
Smart Power Myanmar ကို ၂၀၁၈ ခုနှစ် မေလတွင် စတင်ထူထောင်သည်။ Pact က စီမံခန့်ခွဲပြီး Rockefeller ဖောင်ဒေးရှင်းက ပံ့ပိုးပေးသောအဖွဲ့သည် ကျေးလက်လျှပ်စစ်မီးရရှိရေးကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်နှင့် လူသန်းပေါင်းများစွာ၏ဘဝများကို ပြောင်းလဲပေးရန်အတွက် ပုဂ္ဂလိကနှင့် အစိုးရဌာနများနှင့်အတူ လက်တွဲလုပ်ဆောင်လျက်ရှိသည်။



အကောင်အထည်ဖော်သူ

Managed by

ငွေကြေးပံ့ပိုးသူ

ဌာနဆိုင်ရာအဖွဲ့အစည်း မိတ်ဖက်(များ)


သံလွင်ငြိမ်းချမ်းရေးဥယျာဉ်
ပိုမိုငြိမ်းချမ်းစေပြီး သဘာဝနှင့် လိုက်လျောညီထွေရှိသော နေရာတစ်ခုဖန်တီးနိုင်ရေး ရည်ရွယ်ချက်
