HIMALCA - ဟိမဝန္တာဒေသအတွင်း ကျေးလက်အသက်မွေးလုပ်ငန်းနှင့် ရာသီဥတုပြောင်းလဲမှုများအား လိုက်လျောညီထွေအောင် ပြုပြင်ခြင်း

ရှမ်းပြည်နယ်တောင်ပိုင်းတွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြင့် အရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ပံ့ပိုးကူညီခြင်း
အသက်မွေးလုပ်ငန်း ဖွံ့ဖြိုးရေး
သစ်တောလုပ်ငန်း
ရာသီဥတုပြောင်းလဲမှု

နောက်ခံအကြောင်း

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ပေါ်ရွာဖြစ်သော လက်မောင်းကွေးရွာတွင် သစ်တောပြုန်းတီးမှုနှင့် မြေဆီလွှာခမ်းခြောက်မှု၊ ရေနှင့် အသက်မွေးလုပ်ငန်း အခွင့်အရေးများအား သုံးစွဲနိုင်ခွင့် နည်းပါးမှု၊ အခြေခံအဆောက်အအုံများ ညံ့ဖျင်းမှုနှင့် မြေယာလုပ်ပိုင်ခွင့်အား တရားဝင် မရရှိမှုတို့နှင့် ဆက်စပ်ပြီး အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရသည်။

စီမံကိန်း

၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သော ပရောဂျက်တွင် ဒေသနေပြည်သူများက အလေးအနက်ထားလာစေရန် အလုံးစုံပါဝင်သော နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ပြီး ကျေးရွာ ၆ ရွာရှိ အိမ်ထောင်စုပေါင်း ၂၉၅ ခုအတွက် ရေ၊ မိလ္လာနှင့် သန့်ရှင်းရေး၊၊ သဘာဝပတ်ဝန်းကျင်၊ တန်ဖိုးမြှင့်ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုအရေးကိစ္စများကို ဖြေရှင်းရန် ရွေးချယ်ခဲ့သော နည်းလမ်းများသည် ရှေးအဆက်ဆက် မြေယာသုံးစွဲမှု အလေ့အထများ (သစ်ခုတ်ခြင်းနှင့် တောမီးရှို့ခြင်း) ကို အရှည်တည်တံ့သော  သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း စနစ်အဖြစ်သို့ ကူးပြောင်းလာရေးတွင် ပါဝင်အားဖြည့်ခဲ့ကြသည်။

အထူးသဖြင့် မျိုးစေ့ချခြင်း၊ အပင်မျိုးပွားခြင်း၊ လက်မှုပညာ သင်တန်းပေးခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်းတို့ပါဝင်သော ဝါးလုပ်ငန်း လှုပ်ရှားမှုသည် မြေဆီလွှာ ရေတိုက်စားမှုနှင့် သစ်တောပြုန်းတီးမှုတို့အပေါ် ကောင်းကျိုးများ သိသာစွာဖြစ်ပေါ်စေပြီး အိမ်ထောင်စုများ၏ ဝင်ငွေ တိုးတက်လာစေခဲ့သည်။

အဖွဲ့အစည်း

Myanmar Institute for Integrated Development (MIID) သည် နိုင်ငံ၏ ဒီမိုကရေစီနည်းကျ အသွင်ပြောင်းလဲရေးနှင့် နောက်ဆက်တွဲဖြစ်သော စီးပွားရေးနှင့် လူမှုရေးအပြောင်းအလဲများအတွက် လုပ်ဆောင်နေသော  ရန်ကုန်မြို့အခြေစိုက်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဝါးသည် အလွန်ထူးခြားသောအပင်ဖြစ်သည်။ ၎င်းသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် အရေးကြီးသောအခန်းမှ ပါဝင်သည်ဟု ဆိုလေ့ရှိကြသည်။ ဝါးပင်သည် မြေဆီလွှာကို ရေတိုက်စားခြင်းမှ လျော့နည်းစေသည်၊ မြေဆီလွှာကို ပြန်လည်အားပြည့်စေသည်၊ ရေကို ထိန်းသိမ်းပေးထားသည်၊ သစ်မာများ သုံးစွဲရမှုကို လျှော့ချပေးနိုင်သည်။
ဓာတ်ပုံ- ဦးဝိုင်း
ပရောဂျက် မစတင်မီက ခြင်းတောင်းနှင့် ဖျာကဲ့သို့ အခြေခံပစ္စည်းများ ရက်လုပ်ရန်အတွက်သာ ဝါးကို ထုတ်လုပ်ခဲ့ကြသည်။ ယခုအခါ ရေနွေးကရားများ၊ ခွက်များ၊ ဗန်းများ၊ ပန်းကန်လုံးများ၊ ထမင်းချိုင့်များ၊ ပန်းအိုးများ၊ စာရေးကိရိယာ ထည့်စရာဘူးများ၊ နာရီများနှင့် အခြားအရာမျိုးစုံကို ဝါးဖြင့်ထုတ်လုပ်နေကြပြီဖြစ်သည်။
ဓာတ်ပုံ- စိုးနိုင်ဌေး
ဒေသနေပြည်သူများသည် ထုတ်ကုန်ဒီဇိုင်းများနှင့် အရောင်းမြှင့်တင်ရေး ပိုမိုကောင်းမွန်လာစေရန် ပြုလုပ်ခဲ့ကြပြီး စုပေါင်းရောင်းချရမှု မြင့်တက်စေရန်အတွက် ဝါးထုတ်လုပ်ရောင်းချသူများ အဖွဲ့များကိုလည်း ထူထောင်ကြသည်။ စိုက်ပျိုးသူများသည် မိမိတို့၏ ထုတ်ကုန်များကို မြန်မာတစ်နိုင်ငံလုံးတွင် ပြသရောင်းချလျက်ရှိပြီး ပထမဆုံးနှစ်တွင်ပင် အမြတ်အစွန်း အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော် ရရှိခဲ့သည်။
ဓာတ်ပုံ- စိုးနိုင်ဌေး

မြန်မာနိုင်ငံ၌ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အရှိန်မြှင့်တင်ခြင်း (SUComFor)

အားကောင်းခိုင်မာသော သစ်တောလုပ်ငန်း စီမံအုပ်ချုပ်ရေးအတွက် အဓိကရည်ရွယ်ပြီး ဒေသခံပြည်သူများအား စွမ်းရည်မြှင့်တင်ခြင်း။