

သဘာဝ
နောက်ခံအကြောင်း
တသွင်သွင်စီးဆင်းသော မြစ်များသည် မြန်မာနိုင်ငံအတွက် အသက်တမျှအရေးပါသည်။ မြန်မာနိုင်ငံ ပြည်သူ ၃၄ သန်းသည် ဧရာဝတီမြစ်တစ်ခုတည်းပေါ် မှီခိုနေထိုင်ကြသည်။ စည်းကမ်းကြပ်မတ်မှုနှင့် လုံလောက်သော အခြေခံအဆောက်အအုံ မရှိသဖြင့် စက်မှုလုပ်ငန်းသုံး စွန့်ပစ်ရေ တန်ချိန်ပေါင်းများစွာသည် မြန်မာ့မြစ်များထဲသို့ နေ့စဉ် စီးဝင်ကြသည်။ မြန်မာ့အကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်သည့် F&B ကဏ္ဍသည် အဆိုပါပြဿနာတွင် အဓိက ပါဝင်နေသည်။
စီမံကိန်း
“သဘာဝ” စီမံကိန်းသည် ပိုမိုသန့်စင်သောထုတ်လုပ်မှု၊ သဘာဝသယံဇာတများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြည်သူ့ကောင်းကျိုးအတွက် ဖြည့်ဆည်းခြင်း၊ စိတ်ကူးသစ်များ အားပေးမြှင့်တင်ခြင်း၊ အန္တရာယ်များ ကျဆင်းစေရန်၊ စရိတ်များ လျော့ကျစေရန်နှင့် ရေနှင့် စွမ်းအင်သုံးစွဲမှု လျှော့ချရန် လုပ်ငန်းများ မြှင့်တင်လုပ်ဆောင်ခြင်းတွင် အထောက်အကူပေးနေသည်။ စီမံကိန်း၏ အဓိကအပိုင်းတစ်ခုမှာ ရေဆိုးသန့်စင်စက်ရုံများ တည်ဆောက်ရန် စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ကူညီခြင်းဖြစ်သည်။
“သဘာဝ” သည် ပိုမိုထိရောက်ပြီး စီးပွားရေးအကျိုးပြု ပတ်ဝန်းကျင်ဆိုင်ရာ နည်းဥပဒေများ ပေါ်ထွန်းစေရန် အစိုးရကိုလည်း ပံ့ပိုးကူညီပေးပြီး အထူးအားဖြင့် MONREC ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်တွင်းရှိ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါသည်။
အဖွဲ့အစည်း
WWF သည် နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိ ကမ္ဘာ့ရှေ့ဆောင် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ တွင် အခြေစိုက်ရုံးများရှိသည်။ ၎င်း၏လုပ်ငန်းတာဝန်မှာ သစ်တောများနှင့် မြစ်များကို ကာကွယ်ရန်၊ တန်ဖိုးကြီး တောရိုင်းတိရစ္ဆာန်များအတွက် အနာဂတ်မပျောက်စေရန်နှင့် အဆိပ်သင့်ညစ်ညမ်းမှု အဆုံးသတ်ရန်တို့ဖြစ်သည်။


ငွေကြေးပံ့ပိုးသူ

အကောင်အထည်ဖော်သူ

အကောင်အထည်ဖော်သည့် မိတ်ဖက်(များ)


ဌာနဆိုင်ရာအဖွဲ့အစည်း မိတ်ဖက်(များ)


HIMALCA - ဟိမဝန္တာဒေသအတွင်း ကျေးလက်အသက်မွေးလုပ်ငန်းနှင့် ရာသီဥတုပြောင်းလဲမှုများအား လိုက်လျောညီထွေအောင် ပြုပြင်ခြင်း
ရှမ်းပြည်နယ်တောင်ပိုင်းတွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြင့် အရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ပံ့ပိုးကူညီခြင်း
