အသေးစားလယ်သမားများအတွက် ရေရှည်တည်တံ့သော သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှု

လယ်သမားများအတွက် ပိုမိုကောင်းမွန်သော သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုအတွက် စုပေါင်းတောင်းဆိုမှုနှင့် လှုပ်ရှားမှုများ တည်ဆောက်ခြင်း
အသက်မွေးလုပ်ငန်း ဖွံ့ဖြိုးရေး
သစ်တောလုပ်ငန်း
ရာသီဥတုပြောင်းလဲမှု

နောက်ခံအကြောင်း

မြန်မာနိုင်ငံသည် ဒေသတွင်းတွင် လူဦးရေထူထပ်မှု အနိမ့်ဆုံးတွင် ပါဝင်ပြီး အလယ်အလတ် စီးပွားရေးဖွံ့ဖြိုးမှုရှိသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ အသေးစားလယ်သမားများသည် ညံ့ဖျင်းသည့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့ခြင်းတို့ကြောင့် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေကြရသည်။

စီမံကိန်း

၂၀၁၈ ခုနှစ် ဇန်နဝါရီတွင်စတင်ခဲ့ပြီး ၂၀၂၀ မတ်လတွင် ပြီးဆုံးခဲ့သည့် ဤစီမံကိန်းသည် လယ်အပိုင်မရှိသည့် လယ်သမားများနှင့် လယ်အနည်းငယ်သာပိုင်သည့် အသေးစားလယ်သမားများအတွက် လယ်မြေနှင့် အရင်းအမြစ်များ ညီမျှစွာ လုပ်ကိုင်ခွင့်ရရေးနှင့် ဝင်ငွေတိုးတက်ရေးတို့ကို ရည်ရွယ်ခဲ့ပြီး အထူးသဖြင့် အမျိုးသမီးများနှင့် တိုင်းရင်းသားအုပ်စုများကို အဓိကထားခဲ့သည်။ စီမံကိန်းသည် စိုက်ပျိုးရေးအရင်းအမြစ်များနှင့် သက်ဆိုင်ရာ ဆက်စပ်တန်ဖိုးများ ရေရှည်တည်တံ့စေရေးအတွက် ယင်းအုပ်စုများ၏ စီမံခန့်ခွဲခြင်းဆိုင်ရာ စွမ်းရည်များကို တိုးတက်ဖွံ့ဖြိုးစေရုံသာမကဘဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ အကောင်အထည်ဖော်နိုင်ရန် စုပေါင်းအင်အားများ အားကောင်းလာစေပြီး ဒေသခံပြည်သူများ၏ အသံများ ထွက်ပေါ်လာစေရန်လည်း စွမ်းဆောင်ပေးခဲ့သည်။ ယင်းစွမ်းရည်များကိုအသုံးချပြီး ဘဏ္ဍာရေးလုပ်ငန်းများ၏ ကျေးဇူးနှင့် လယ်သမားများနှင့် အမျိုးသမီးစွမ်းဆောင်ရှင်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုတို့ဖြင့် ပိုမိုရေရှည်တည်တံ့ပြီး ရာသီဥတုဒဏ်ခံနိုင်သည့် စိုက်ပျိုးရေးထုတ်လုပ်မှုများ ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် လယ်သမားရေးရာအဖွဲ့အစည်းများသည် လယ်သမားများ၏အခွင့်အရေးများကို ကိုယ်စားပြုပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ အကောင်အထည်ဖော်နိုင်အောင် စွမ်းဆောင်သည်။ ဤစီမံကန်းတွင် သစ်တောအသုံးပြုသူအုပ်စု ၁၂ စု၊ အမျိုးသမီးစီးပွားရေးလုပ်ငန်းအုပ်စု ၃ စုနှင့် ဒေသတွင်း စုပေါင်းလုပ်နိုင်စွမ်းအား တည်ဆောက်ရန်အတွက် ကျေးရွာ ၁၃ ရွာရှိ ကျေးလက် ငွေစုငွေချေးအသင်း ၁၇ သင်းတို့ ပါဝင်သည်။

အဖွဲ့အစည်း

MERN သည် NGO အဖွဲ့ ၃၀ ဖြင့် ပေါင်းစည်းထားသည့် ဒေသတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO ကွန်ရက်တစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ MERN သည် အသက်မွေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရေရည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ဆက်စပ်သည့် အစီအစဉ်များနှင့် စီမံကိန်းများကို လုပ်ဆောင်လျက်ရှိသည်။

ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောအသုံးပြုသူအုပ်စုများအတွက် ရေရှည်တည်တံ့သော အသက်မွေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး (CFUGs) ကို အသက်မွေးဝမ်းကျောင်းပညာ သင်တန်းမှတစ်ဆင့် မွေးထုတ်ခဲ့သည်။ ပွေးလှရွာ၊ ပင်းတယမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း။
ဓာတ်ပုံ- MERN
CFUGs ကို ကျေးလက် ငွေစုငွေချေးအသင်း (VSLA) စနစ်များမှတစ်ဆင့် ငွေကြေးရရှိအောင် ပံ့ပိုးပေးသည်။ ပွေးလှရွာ၊ ပင်းတယမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း။
ဓာတ်ပုံ- MERN
ဤစီမံကိန်းသည် သီးသန့်အားဖြင့် အမျိုးသမီးအုပ်စုများအား လယ်မြေနှင့် အရင်းအမြစ်များကို ရေရှည်တည်တံ့အောင် အသုံးပြုခြင်းမှတစ်ဆင့် ၎င်းတို့၏ဝင်ငွေများ တိုးတက်ရရှိစေရန်လည်း စွမ်းရည်များတည်ဆောက်ပေးခဲ့သည်။ ရေကြည်ရွာ၊၊ ရွာငံမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း။
ဓာတ်ပုံ- MERN

လမ်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်

ဥယျာဉ်၏ ထူးခြားသော ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန် ဒေသတွင်း စွမ်းရည်မြှင့်တင် တည်ဆောက်ခြင်း