SMART Textile & Garments

အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသည့် အလေ့အကျင့်များ မြှင့်တင်ခြင်း
စွမ်းအင်
စွန့်ပစ်အမှိုက်နှင့် ညစ်ညမ်းမှု

နောက်ခံအကြောင်း

ဓာတ်ငွေ့ထုတ်လွှတ်မှုအတွက် တင်းကျပ်သည့် စည်းကမ်းဥပဒေများ အားနည်းမှုနှင့် လောင်စာအရင်းအမြစ်များအပေါ် ကန့်သတ်မှုမရှိသလောက်ဖြစ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများနှင့် အခြား ကုန်ထုတ်လုပ်ရေးစက်ရုံများသည် ဘွိုင်လာကန်များအတွက် မီးသွေးနှင့် ထင်းလောင်စာကို သုံးလေ့ရှိကြသဖြင့် သစ်တောပြုန်းတီးခြင်း၊ ဒေသတွင်း လေထုအရည်အသွေး ဆိုးရွားစေခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တိုးများစေခြင်းတို့ကို ပိုမိုမြင့်တက်စေသည်။

စီမံကိန်း

စက်ရုံများအတွင်း သန့်ရှင်းမှုရှိပြီး ရေရှည်သုံးစွဲနိုင်ခြင်းမှာ အလေအလွင့်မရှိရန် ပထမအဆင့်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပုံမှန်တွေ့နေကျ အထည်ချုပ်စက်ရုံများသည် အလေအလွင့်များသည့် လုပ်ပုံလုပ်နည်းများနှင့် စပ်လျဉ်းပြီး မသိနားမလည်မှုများကြောင့် လစဉ် ကျပ်ငွေ သန်းပေါင်းများစွာ မလိုအပ်ဘဲ လေလွင့်နေရသည်။ SMART သည် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် အစီအမံများကို အကောင်အထည်ဖော်ခြင်းအားဖြင့် စက်ရုံများကို ငွေ၊ စွမ်းအင်၊ ရေနှင့် စွန့်ပစ်အမှိုက်တို့ သက်သာစေရန် တိုက်တွန်းအားပေးသည်။

ထို့အပြင် SMART သည် နမူနာအနေဖြင့် ဆိုလာစွမ်းအင်စနစ်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအင်ကို ရေရှည်တည်တံ့စွာ ထုတ်လုပ်ကြရန် စက်ရုံများကိုလည်း ဖိတ်ခေါ်သည်။ လျှပ်စစ်ဓာတ်အား သုံးစွဲမှုစရိတ် တရိပ်ရိပ်တိုးလာခြင်း၊ တစ်နှစ်ပတ်လုံးနီးပါး နေရောင်ခြည် ကောင်းစွာရရှိခြင်းနှင့် ကြီးမားကျယ်ပြန့်သည့် အိမ်ခေါင်မိုးနေရာလွတ်ရှိခြင်းတို့ကြောင့် မြန်မာ အထည်ချုပ်စက်ရုံများတွင် ပြန်ပြည့်မြဲ ဆိုလာနေစွမ်းအင်တွင် ရေရှည်တည်တံ့ပြီး အကျိုးအမြတ်ရနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ရန်အတွက် လိုအပ်သောအရာများအားလုံး ပိုင်ဆိုင်ကြသည်။

အဖွဲ့အစည်း 

SMART Textile & Garments ကို ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့ပြီး ဂျာမန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး ဖက်ဒရယ်ဝန်ကြီးဌာနက ပူးတွဲ ငွေကြေးထောက်ပံ့သည်။ အဖွဲ့ရည်ရွယ်ချက်မှာ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် လုပ်ငန်းခွင်အခြေအနေများတိုးတက်ရေး၊ အလုပ်သမားစံနှုန်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းများ မြှင့်တင်ရေးနှင့် အလုပ်သမားအခွင့်အရေး အလွဲသုံးစားမှုများ လျှော့ချရေးတို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံ ၆၀၀ ကျော်ရှိသည်။ အများစုမှာ ရန်ကုန် စက်မှုဇုန်များတွင် တည်ရှိကြပြီး ပြည်တွင်း သို့မဟုတ် နိုင်ငံတကာစက်ရုံများ၏ ခန့်မှန်းခြေ ၁% တွင်သာ ထိရောက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် အစီအမံများကို စနစ်တကျလုပ်ဆောင်ကြသည်။
ဓာတ်ပုံ - Boris Le Montagner - SMART
ပင်မဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားသည် စိတ်ချရမှုမရှိခြင်းနှင့် အဆမတန်ဈေးကြီးခြင်းတို့ကြောင့် စက်ရုံအများစုသည် ကိုယ်ပိုင်စွမ်းအင်များ ထုတ်လုပ်ကြသည်။ အများစုတွင် မီးသွေးနှင့် လောင်စာတောင့်များ အသုံးပြုကြသော်လည်း ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှုသည်လည်း ရွေးချယ်စရာတစ်ခုဖြစ်သည်။ SMART သည် အထည်ချုပ်ကဏ္ဍတွင် ရေရည်တည်တံ့သော သုံးစွဲထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကွင်းဆင်း အကြံပြုဆွေးနွေးခြင်းနှင့် နည်းပေးလမ်းပြခြင်း အစီအစဉ်များ ဆောင်ရွက်ပေးသည်။
ဓာတ်ပုံ - Boris Le Montagner – SMART
၂၀၁၉ နှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံ အနည်းဆုံး ခြောက်ရုံတွင် ကီလိုဝပ် ၅၀၀ နီးပါးခန့် အမြင့်ဆုံးလည်ပတ်ထုတ်လုပ်နိုင်ရန်အတွက် ဆိုလာစွမ်းအင်စနစ်များကို တပ်ဆင်ထားကြသည်။ အခြား အထည်ချုပ်စက်ရုံ ငါးရုံတွင် မိုးရေစုဆောင်းရေးစနစ်များ တည်ဆောက်ထားကြသည်ဟု သိရှိရသည်။ စက်ရုံအနည်းငယ်တွင် ဇီဝပစ္စည်းသုံး ဘွိုင်လာကန်များ တပ်ဆင်ထားကြသည်။
ဓာတ်ပုံ - Jacob Clere – SMART

ဒေသခံများနှင့်ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါရေပြင်ဧရိယာများ

ဒေသနေပြည်သူများအား ပင်လယ်ပြင်၏ သယံဇာတရင်းမြစ်များကို ကာကွယ်စေခြင်းနှင့် ရေရှည်တည်တံ့ရေးအတွက် စီမံခန့်ခွဲစေခြင်း