ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှု တိုးတက်စေရန် ဒေသနေပြည်သူများကို အားဖြည့်ခြင်း
ကာကွယ်စောင့်ရှောက်ထားသည့် ဧရိယာများ
တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး
သစ်တောလုပ်ငန်း

နောက်ခံအကြောင်း

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ကာကွယ်စောင့်ရှောက်ထားသည့်ဧရိယာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် စတင်တည်ထောင်ခဲ့ပြီး နောက်နှစ် ၂၀အကြာတွင် WCS က ထောက်ပံ့ကူညီသည့် လှုပ်ရှားမှုများစတင်ခဲ့သည်။ ဒေသတွင်းပူးပေါင်းပါဝင်မှုနှင့် ဝန်ထမ်းအင်အားတို့ နည်းပါးခြင်းသည် ထိရောက်သောစီမံခန့်ခွဲမှုဖြစ်ရန် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်သည်။

စီမံကိန်း

WCS သည် သဘာဝဝန်းကျင်နှင် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန (NWCD) ကိုပံ့ပိုးကူညီရန် အဆိုပါဘေးမဲ့တောတွင် လုပ်ငန်းစတင်ခဲ့သည်။ စိတ်ဝင်စားသည့် ဒေသခံပြည်သူများအား ဥပဒေဖြင့်ထိန်းကျောင်းရေး ဒေသခံကင်းသမားများအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် အဆိုပါ အုပ်ထိန်းသူပရိုဂရမ်အတွင်း အတန်းပညာမရှိသည့် တက်ကြွသော ဒေသခံများကို ခန့်အပ်ကာ NWCD နှင့် ဥယျာဉ်အစောင့်ဝန်ထမ်းများကို တောရိုင်းတိရစ္ဆာန် စောင့်ကြည့်လေ့လာရေး ထိရောက်စေရေးအတွက် ပံ့ပိုးကူညီခဲ့သည်။ ယနေ့အထိ ဒေသခံပြည်သူ ကင်းသမား ၅၀ ခန့်အပ်ထားပြီး ကွင်းဆင်းလုပ်ငန်းကို အုပ်ထိန်းသူ ၆၁ ဦးပူးပေါင်းခဲ့သည်။ ဤစနစ်သည် ပူးပေါင်းပါဝင်မှုကို တိုးတက်စေပြီး ဝင်ငွေရစေကာ ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးသမားများနှင့် ဒေသခံပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေသည့်အတွက် ဘေးမဲ့တောအတွင်းရှိ အန္တရာယ်များကို လျော့ကျစေသည်။

အဖွဲ့အစည်း

တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအသင်း (WCS) သည် နိုင်ငံတကာ NGO တစ်ခုဖြစ်ပြီး ၎င်း၏မစ်ရှင်မှာ ကမ္ဘာတစ်ဝန်းရှိ တောရိုင်းတိရစ္ဆာန်နှင့် တောရိုင်းနေရာများကို ကယ်တင်ရန်ဖြစ်သည်။ WCS သည် ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ရေရှည် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကို အစပျိုးပေးခဲ့သည်။

ပသျှူးဝက်ဝံ စစ်တမ်းကောက်ယူစဉ်အတွင်း ကင်မရာထောင်ချောက်များ တပ်ဆင်ခြင်း။ ဤဘေးမဲ့တောကို ၂၀၁၄ ခုနှစ်မှစတင်၍ ကင်မရာထောင်ချောက်များအသုံးပြုကာ အထူးကြပ်မတ်စောင့်ကြည့်ခဲ့သည်။ စစ်တမ်းဧရိယာများအတွင်းရှိ တရားမဝင် လှုပ်ရှားမှုများကို အရေးယူပိုင်ခွင့်ရှိသော ဒေသခံပြည်သူကင်းသမားများ ပါဝင်သည့် ကင်းလှည့်အဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် WCS ဝန်ထမ်းများနှင့် ဒေသခံပြည်သူ စောင့်ရှောက်သူများ ပေါင်းစည်းထားသည့် ဇီဝဗေဒစောင့်ကြည့်ရေးအသင်းသည် စောင့်ကြည့်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြသည်။
ညွှတ်ကွင်းထောင်ချောက်များကို ကင်းလှည့်အဖွဲ့တစ်ဖွဲ့က ဖျက်ဆီးသည်။ တရားမဝင်အမဲလိုက်ခြင်းသည် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ တောရိုင်းသတ္တဝါများကို အဓိကခြိမ်းခြောက်မှုများထဲမှ တစ်ခုဖြစ်သည်။ လက်တလော စစ်တမ်းတစ်ခုတွင် ဘေးမဲ့တော့၏ အရှေ့ဘက်အပိုင်းရှိ အမဲလိုက်မုဆိုးများထောင်ထားသည့် ညွှတ်ကွင်းထောင်ချောက်များကို ရှာဖွေဖော်ထုတ်ရေးနှင့် ဖျက်ဆီးရေးတို့ကို အဓိကအာရုံစိုက်ခဲ့သည်။ ယင်းအပိုင်းသည် ဝင်ထွက်သွားလာရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး အကန့်အသတ်ရှိသောကြောင့် ကင်းလှည့် ဖြန့်ကြက်နိုင်မှု အားနည်းသည်။
ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့ဘောတွင် ကင်မရာထောင်ချောက် စစ်တမ်းကောက်ယူများမှတစ်ဆင့် မျိုးစိတ်များကို နှစ်စဉ် မှတ်တမ်းသွင်းခဲ့သည်။ ဇီဝဗေဒ စောင့်ကြည့်လေ့လာရေး စစ်တမ်းအဖွဲ့များ၏ အမြဲမပြတ်ကြိုးပမ်းအားထုတ်မှုများနှင့်အတူ ကင်မရာထောင်ချောက် စစ်တမ်းများသည် ကုန်းနေမျိုးစိတ်များစာရင်း တိုးပွားလာအောင် ဖော်ထုတ်ခဲ့ပြီး ကမ္ဘာနှင့်ချီအရေးပါသည့် မျိုးစိတ်များ၏ အကောင်ရေတိုးပွားစေခဲ့သည်။
ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ အရေှ့ဘက်ခြမ်းရှိ အသစ်စက်စက်တည်ထောင်ထားသော ထမံသီ လေ့ကျင့်သင်ကြားရေးနှင့် သုတေသနစင်တာ။ ဤစင်တာသည် ဒေသခံပြည်သူများအား စွမ်းရည်များ တည်ဆောက်ပေးရန်၊ တိုးတက်ခေတ်မီသော ဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ဇီဝဗေဒစောင့်ကြည့်ရေး သင်တန်းများ လေ့လာရန်အတွက် ဒေသခံကင်းသမားများ၊ ဒေသခံ စောင့်ရှောက်သူများနှင့် NWCD ဝန်ထမ်းများအတွက် သင်တန်းလေ့ကျင့်ရေးနယ်မြေတစ်ခုဖြစ်သည်။ ဤစင်တာသည် ဘေးမဲ့တောတဝိုက်ရှိ ဒေသခံပြည်သူအစုအဖွဲ့ဝင်များအတွက် အသိပညာမြှင့်တင်ရေး လှုပ်ရှားမှုများနှင့် အသက်မွေးလုပ်ငန်းဖွံ့ဖြိုးရေးသင်တန်းများကိုလည်း လက်ခံပြုလုပ်ပါမည်။

အသေးစားလယ်သမားများအတွက် ရေရှည်တည်တံ့သော သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှု

လယ်သမားများအတွက် ပိုမိုကောင်းမွန်သော သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုအတွက် စုပေါင်းတောင်းဆိုမှုနှင့် လှုပ်ရှားမှုများ တည်ဆောက်ခြင်း