

PREVENT PLASTICS
နောက်ခံအကြောင်း
မြန်မာနိုင်ငံတွင် အရှိန်အဟုန်မြင့် စီးပွားရေးဖွံ့ဖြိုးမှု၊ မြို့ပြဖြစ်ထွန်းမှုတို့နှင့်အတူ အမှိုက်စုဆောင်းမှု၊ သိမ်းယူမှုနှင့် စွန့်ပစ်ဖျက်ဆီးမှုတို့အတွက် မထိရောက်သောစနစ်များကြောင့်ဖြစ်လာသော ဆိုးရွားသော ပြဿနာများလည်း တွဲပါလာခဲ့သည်။
မှားယွင်းသော အလေ့အထများ၊၊ အထိန်းအကွပ်မဲ့ စွန့်ပစ်ခြင်းနှင့် စိတ်ချယုံကြည်နိုင်သော အမှိုက်သိမ်းဝန်ဆောင်မှုများ မရှိခြင်းတို့ကြောင့် မြေ ရေ လေတို့ကို ညစ်ညမ်းစေပြီး ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်စေသည်။
စီမံကိန်း
PREVENT PLASTICS သည် တောင်ဒဂုံစက်မှုဇုန် ၁၊ ရွှေပြည်သာ စက်မှုဇုန် ၁၊ ရွှေလင်ပန်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ စက်မှုဇုန်တစ်ခုတို့တွင် ရေရှည်သုံးစွဲနိုင်သော အမှိုက်စီမံခန့်ခွဲရေး အလေ့အထကောင်းများ မိတ်ဆက်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် လက်တွဲလုပ်ဆောင်သွားမည်။ ထွက်ရှိလာသည့် အမှိုက်ကို စုဆောင်းပြီး မှန်ကန်စွာ စွန့်ပစ်သွားမည့်အပြင် တရားမဝင် အမှိုက်ပုံများတွင်စွန့်ပစ်သည့် အလေ့အထများကို အဆိုပါ သက်ဆိုင်ရာဧရိယာများတွင် သိသာစွာ ပပျောက်သွားအောင်လည်း ဆောက်ရွက်သွားမည်။ ထို့အပြင် မြန်မာနိုင်ငံရှိ လူအများစုတွင် ယင်းအကြောင်းနှင့်ပတ်သက်၍ အသိပညာ အားနည်းနေဆဲဖြစ်သည့်အတွက် PREVENT PLASTICS သည် ပလတ်စတစ်အစား ပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် အစားထိုးစရာများကို ပြည်သူများ ပိုမိုသိရှိလာအောင် လုပ်ဆောင်ပေးမည်။
အဖွဲ့အစည်း
PREVENT PLASTICS ကို ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့သည်။ ဤအဖွဲ့သည် မြန်မာနိုင်ငံတွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာနှင့် အလေ့အထကောင်းများ တိုးမြှင့်ခြင်းမှတစ်ဆင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံများ မြှင့်တင်ရန် ရည်ရွယ်သည်။
အကောင်အထည်ဖော်သူ

ငွေကြေးပံ့ပိုးသူ

အကောင်အထည်ဖော်သည့် မိတ်ဖက်(များ)



SMART Textile & Garments
အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသည့် အလေ့အကျင့်များ မြှင့်တင်ခြင်း
