မဲမောက် ရေတံခွန် အသေးစားရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်း

အသေးစားရေအားလျှပ်စစ်ထုတ်လုပ်ရေးမှ ကျေးရွာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း
စွမ်းအင်
အသက်မွေးလုပ်ငန်း ဖွံ့ဖြိုးရေး

နောက်ခံအကြောင်း

မြန်မာနိုင်ငံတွင် လူဦးရေ ၄၀% ခန့်သာ နိုင်ငံတော်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်အသုံးပြုကြပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းသည် အထူးသဖြင့် ကျေးလက်ဒေသရွာများနှင့် တိုင်းရင်းသား ပြည်နယ်များတွင် နည်းပါးသည်။ ဓာတ်အားလိုင်းမသုံးစွဲသူများမှ ထုတ်လုပ်သည့် စွမ်းအင်အများစုသည် သစ်တောနှင့် ဂေဟစနစ်တို့ကို ယုတ်လျော့ပျက်စီးစေသည့် ဇီဝပစ္စည်းများမှ ထွက်ရှိခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ကဲ့သို့ ပတ်ဝန်းကျင်အကျိုးပြုသည့် စွမ်းအင်အရင်းအမြစ် အလျှံအပယ်ရှိသည်။

စီမံကိန်း

လင်းရောင်ခြည် အသေးစားရေအားလျှပ်စစ် သမဝါယမလုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှစတင်၍ မဲမောက်ရေတံခွန်မှ အသေးစားရေအားလျှပ်စစ်ကို ထုတ်လုပ်နေသည်။ ယခုအခါတွင် ကျေးရွာ ၁၃ ရွာတွင် သုံးစွဲသူ ၇၀၀ ကျော်ခန့်ရှိနေပြီဖြစ်သည်။ အိမ်ထောင်စုများသို့ လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးရုံသာမကဘဲ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ကျေးရွာအဆင့် လုပ်ငန်းပေါင်းများစွာသို့လည်း လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးလျက်ရှိသည်။ ဤသမဝါယမလုပ်ငန်းသည် ကျေးရွာ ၁၃ ရွာလုံးရှိ လုပ်ငန်းဧရိယာများအတွင်း လမ်းမီးများအားလုံးအတွက် လျှပ်စစ်ဓာတ်အား အခမဲ့ ပံ့ပိုးပေးသဖြင့် ညအချိန် လုံခြုံမှု ပိုရှိစေသည်။ လျှပ်စစ်မီတာခအတွက် စည်းမျဉ်းဥပဒေသတ်မှတ်ချက်မရှိသည့်အတွက် သမဝါယမလုပ်ငန်းသည် လုပ်ငန်းရေရှည်လည်ပတ်စေသည့် ဒေသတွင်း လျှပ်စစ်မီတာ အခွန်အခစနစ် ထူထောင်ထားပြီး ယင်းစနစ်ကို ဒေသနေပြည်သူများက လက်ခံထားကြသည်။

အဖွဲ့အစည်း

လင်းရောင်ခြည် အသေးစားရေအားလျှပ်စစ် သမဝါယမလုပ်ငန်းသည် အစိုးရ-ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင်တည်ထောင်သည့် စိုင်းထွန်းလှနှင့် ညီအစ်ကိုများ ကုမ္ပဏီက ဤလုပ်ငန်း၏ ရှယ်ယာ ၅၀% ကိုပိုင်ဆိုင်ပြီး ကျန်ရှယ်များကို ဒေသနေပြည်သူများနှင့် သုံးစွဲသူများက ပိုင်ဆိုင်ကြသည်။ ကုမ္ပဏီသည် အလားတူ စီမံကိန်းပေါင်း ၂၀၀ ကျော်ကို အကောင်အထည်ဖော်ထားသည့် အသေးစား ရေအားလျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးသည့်လုပ်ငန်းတစ်ခုဖြစ်သည်။

Mae Mauk Waterfall
Photo: Sustainable Energy Associates
ထုတ်လုပ်လိုက်သည့်လျှပ်စစ်ဓာတ်အားကို အသုံးပြုမည့် စီးပွားရေးအခွင့်အလမ်းများက ဤစီမံကိန်းမျိုး၏ ငွေကြေးလည်ပတ်နိုင်စွမ်းကို အဆုံးအဖြတ်ပေးသည်။ မဲမောက်ရေတံခွန်ပတ်ဝန်းကျင်တွင် ဆက်သွယ်ရေးတာဝါတိုင်များ၊ ချည်ထည်အလုပ်ရုံများ၊ အုတ်ဖို၊ ကော်ဖီခင်း၊ ကြက်မွေးမြူရေးစသည်ဖြင့် ဤသမဝါယမလုပ်ငန်း၏ နှစ်စဉ်ဘဏ္ဍာငွေများကို အဓိကထည့်ဝင်ပံ့ပိုးပေးနေသည့် လုပ်ငန်းများ ရှိကြသဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ငွေကြေးအရ ဆက်လက်ရှင်သန်လည်ပတ်စေသည်။
ဓာတ်ပုံ - Sustainable Energy Associates
အိမ်ထောင်စုအများစုသည် လျှပ်စစ်ဟင်းချက်အိုးများကို အသုံးပြုနေကြသဖြင့် အထူးသဖြင့် အမျိုးသမီးနှင့် ကလေးများအတွက် နေအိမ်တွင်း လေထုညစ်ညမ်းထု လျော့ကျစေသည့်အပြင် ထင်းလိုအပ်ချက်ကို လျော့နည်းစေပြီး သစ်တောပြုန်းတီးမှုကိုလည်း လျော့ကျစေသည်။
ဓာတ်ပုံ - Renewable Energy Association Myanmar.
အစိုးရဌာနလုပ်ငန်းများအတွက် အခမဲ့ သို့မဟုတ် အခနည်းသောနှုန်းဖြင့် လျှပ်စစ်ဓာတ်အားပေးရန်ဆုံးဖြတ်ချက်ကို အစိုးရ၏ ထောက်ပံ့မှု သို့မဟုတ် မူဝါဒ အလျဉ်းမပါရှိဘဲ လင်းရောင်ခြည် လျှပ်စစ်ဓာတ်အား သမဝါယမအသင်းဝင်များကိုယ်တိုင် ဆုံးဖြတ်ခဲ့ကြသည်။ ကျန်းမာရေးဌာနသို့ လျှပ်စစ်ဓာတ်အားခနှုန်းထား အနည်းငယ်သာ ကောက်ခံသည့်အကျိုးရလဒ်အဖြစ် ကလေးမွေးဖွားမှု သိသာစွာတိုးတက်လာခြင်းအပါအဝင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာနိုင်ခဲ့သည်။
ဓာတ်ပုံ - Sustainable Energy Associates

ဧရာဝတီလင်းပိုင် ကာကွယ်စောင့်ရှောက်ရေး ဧရိယာ(ADPA)

ဧရာဝတီမြစ်ကြီး ကျန်းမာသန်စွမ်းရေးအတွက် ဧရာဝတီလင်းပိုင်များကို ကာကွယ်စောင့်ရှောက်ခြင်း