“ကျွန်တော်တို့အမိကမ္ဘာမြေကြီးရဲ့အဆိပ်သင့်ရေပြင်အနှံ့က မီးခိုးမြူတွေထဲဖြတ်သန်းပြီး တစ်ညနေပြီး တစ်ညနေ နေလုံးကြီးဝင်သွားတာကို မြင်ရတဲ့အခါ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အလေးအနက်ထား မေးခွန်းထုတ်ရလိမ့်မယ်၊ အနာဂတ်မှာ ကျွန်တော်တို့အကြောင်းကို တခြားဂြိုဟ်က စကြဝဠာသမိုင်းပညာရှင်တွေက ဒီလိုပြောတာ ကြိုက်မလားပေါ့ - ‘သူတို့မှာဉာဏ်ကြီးရှင်တွေနဲ့ သူတို့ရဲ့ကျွမ်းကျင်မှုတွေရှိလျက်နဲ့ သူတို့က အမြော်အမြင်တွေလည်းမရှိ၊ လေထု၊ အစားအစာနဲ့ရေတွေလည်း ခမ်း၊ စိတ်ကူးအကြံတွေလည်း ပျောက်ကုန်ကြတယ်’ ဒါမှမဟုတ် ‘သူတို့ကမ္ဘာကြီး သူတို့ပတ်ဝန်းကျင်မှာ ပျက်စီးပြိုလဲသွားတဲ့အထိ သူတို့က နိုင်ငံရေးကစားပွဲကို ဆက်ကစားခဲ့တယ်’ ဆိုတာမျိုးပေါ့။”

ဦးသန့်

ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ၁၉၇၀ ခုနှစ် အောက်တိုဘာလ

မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဇီဝမျိုးစုံမျိုးကွဲအကြွယ်ဝဆုံး နိုင်ငံတစ်ခုဖြစ်သည်။ အရှေ့တောင်အာရှဒေသတစ်ခုလုံးတွင် အကျယ်ပြန့်ဆုံးသစ်တောကြီးအချို့ ပေါက်ရောက်ရာနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အထူးများပြားစုံလင်သော မျိုးစိတ်များ နေထိုင်ကျက်စားရာဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၏ ကြွယ်ဝသော ဇီဝမျိုးစုံမျိုးကွဲများသည် အန္တရာယ်နှင့်ရင်ဆိုင်နေရသည်။ သစ်တောခုတ်နှုန်းသည် ကမ္ဘာတွင် အမြင့်မားဆုံးထဲတွင် ပါဝင်သည်။ ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်ကြားတွင် တစ်ခါသုံးကြွပ်ကြွပ်အိတ်သုံးစွဲမှု ၈ ဆတိုးတက်လာသည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု၊ ညစ်ညမ်းမှုနှင့်  တရားမဝင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုတို့သည် နိုင်ငံ့အဖိုးတန် ဂေဟစနစ်များကို ခြိမ်းခြောက်လျက်ရှိသည်။ ထို့အပြင် German Watch ၏ အဆိုအရ မြန်မာနိုင်ငံသည် ၁၉၉၉-၂၀၁၈ ကာလအတွင်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဒုတိယအခံရဆုံးနိုင်ငံဖြစ်သည်။

COVID-19 ကပ်ရောဂါပျံ့နှံ့ခြင်းနှင့်အတူ ဆက်စပ်လျက်ရှိသော လူထုကျန်းမာရေးကန့်သတ်မှု စည်းကမ်းချက်များ၊ ဝေဟင်နှင့် လမ်းခရီးသွားလာမှု ကန့်သတ်ခြင်း၊ စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှု ယာယီရပ်ဆိုင်းခြင်းတို့သည် လေထုညစ်ညမ်းမှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတို့ကို သိသာစွာ လျော့ကျစေခဲ့သည်။ သို့သော် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသွားများကို လျှော့ချရန်အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးစေရေးဦးတည်ချက်သို့ ကမ္ဘာကြီးရောက်ရှိစေရန်အလို့ငှာ ကမ္ဘာကြီးသည် မဝေးတော့သည့်အနာဂတ်တွင် အလားတူလျှော့ချမှုများကို လုပ်ဆောင်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက သတိပေးကြသည်။ ထိုကဲ့သို့ ထုတ်လွှတ်မှုများလျှော့ချခြင်းသည် အသွားအလာကန့်သတ်ခြင်းများနှင့် ကန့်သတ်ချုပ်ချယ်ခြင်းများကြောင့် ဖြစ်ပေါ်လာမည်မဟုတ်ဘဲ စွမ်းအင်လိုအပ်ချက် လျှော့ချနိုင်ရေးအတွက် ပြောင်မြောက်သော ရာသီဥတုဆိုင်ရာ မူဝါဒများချမှတ်ခြင်းဖြင့်သာ ဖြစ်ပေါ်လာပါလိမ့်မည်။

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမှ နိုင်ငံများပြန်လည်နာလန်ထူပြီး မိမိတို့၏ စီးပွားရေးများ ပြန်လည်စတင်လာသည်နှင့် ပိုမိုသန့်ရှင်းပြီး ပိုမိုစိမ်းလန်းသော “ပုံမှန်ပုံစံသစ်” တစ်ခုအတိုင်း လုပ်ဆောင်ကြရန် အလွန်အရေးကြီးသည်။ အရေးတယူ လုပ်ဆောင်ချိန် ကျရောက်ပါပြီ။

“ကမ္ဘာကြီးက ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ယူကျော်လွှားသွားမှာပါ။ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ဆောင်လေလေ ကိုရိုနာဗိုင်းရပ်စ်ကို မြန်မြန်အနိုင်ယူကျော်လွှားနိုင်လေလေ ပါပဲ။ အခုသဘာဝပတ်ဝန်းကျင်ပျက်စီးမှု ကပ်ဘေးအန္တရာယ်ဟာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့တွေ ပူးပေါင်းပြီး အလျင်အမြန်ဖြေရှင်းကြဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုဟာ ဗိုင်းရပ်စ်ပိုးလိုပဲ ကျွန်တော်တို့ဆက်လက် အသက်ရှင်သန်ဖို့လိုအပ်တဲ့ ဝင်သက်ထွက်သက်တွေကို ထိခိုက် စေနိုင်ပါတယ်။ သစ်တောတွေနဲ့ သမုဒ္ဒရာတွေဟာ ကျွန်တော်တို့ကမ္ဘာကြီးရဲ့အဆုတ်တွေပါပဲ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ အရင်ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်မျိုး မဖြစ်သင့်ပါဘူး။ အရင်ကပုံမှန်ဆိုတဲ့ အရာဟာ ရေရှည်အကျိုးအတွက် မကောင်းပါဘူး။ ကျွန်တော်တို့ကမ္ဘာကြီး ပြန်လည်နိုးထလာတဲ့အခါ စိမ်းလမ်းစိုပြေစေရမယ်၊ အဲ့ဒီစိမ်းလမ်းစိုပြေမှုဟာလည်း လူသားတိုင်းအတွက် ဖြစ်စေရမယ် ဆိုတဲ့ ရွေးချယ်မှုကလွဲပြီး ကျွန်တော်တို့မှာ အခြားရွေးချယ်စရာ မရှိပါဘူး။” 
ဟု ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt မှ ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝှမ်းမှ အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများသည် အစိမ်းရောင်ပြန်လည်ထူထောင်ရေးကို အရှိန်ပြင်းပြင်းစတင်ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပြီး ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန်နှင့် ရာသီဥတုပြောင်းလဲမှုများကို တိုက်ဖျက်ရန် ခိုင်မာသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ကြရမည်ဖြစ်သည်။

တို့ကမ္ဘာသည် မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့မှုပေးထားသော အခြေခံပလက်ဖောင်းတစ်ခုဖြစ်ပြီး မြန်မာပြည်သူများကို ပိုမိုစိမ်းလန်းသောအနာဂတ် ဖြစ်ပေါ်လာရေးအတွက် ပြောင်းလဲနိုင်စွမ်းရှိသူများ ဖြစ်လာစေရန် ရည်ရွယ်ထားသည်။