သံလွင်ငြိမ်းချမ်းရေးဥယျာဉ်

ပိုမိုငြိမ်းချမ်းစေပြီး သဘာဝနှင့် လိုက်လျောညီထွေရှိသော နေရာတစ်ခုဖန်တီးနိုင်ရေး ရည်ရွယ်ချက်
တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး
ကာကွယ်စောင့်ရှောက်ထားသည့် ဧရိယာများ
သစ်တောလုပ်ငန်း
အသက်မွေးလုပ်ငန်း ဖွံ့ဖြိုးရေး

နောက်ခံအကြောင်း

ကမ္ဘာ့လက်ကျန် ဇီဝမျိုးစုံမျိုးကွဲ ၈၀% သည် ဌာနေတိုင်းရင်းသားများနေထိုင်သော ဒေသများတွင် ရှိနေပြီး သံလွင်မြစ်ဝကျွန်းပေါ်သည်လည်း ခြွင်းချက်မဟုတ်ပါ။ ထို့အပြင် မြန်မာနိုင်ငံရှိ အကာအကွယ်ပေးထားသော ဒေသများတွင် လူနှင့် ငွေကြေးရင်းမြစ်များ လိုအပ်လေ့ရှိသည်။ ထို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ဌာနေတိုင်းရင်းသားများ၏ အခန်းကဏ္ဍသည် အဓိကကျသည်။

စီမံကိန်း

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် တစ်ကမ္ဘာလုံးရှိ ဌာနေတိုင်းရင်းသားများဆိုင်ရာ လှုပ်ရှားမှုတွင် အပါအဝင်ဖြစ်သည်။ ဥယျာဉ်တည်ထောင်သူများသည် ဧရာမဆည်ကြီးများ၊ သတ္ထုတွင်းတူးဖော်ခြင်းနှင့် အထက်မှ အောက်သို့ အုပ်ချုပ်ခြင်းလုပ်ငန်းများအစား ရေရှည်တည်မြဲသော သီးခြားနည်းလမ်းများကို ရှာဖွေရန် ထောက်ခံအားပေးခဲ့ကြသည်။ ၎င်းတို့သည် အသေးစား ရေအားလျှပ်စစ်နှင့် နေစွမ်းအင်စီမံကိန်းများ၊ သဘာဝခရီးသွားလုပ်ငန်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနှင့် အော်ဂဲနစ်မွေးမြူရေးလုပ်ငန်းတို့ကို “ကော်” တစ်ခွင် စီမံဆောင်ရွက်ရန် အဆိုပြုခဲ့ကြပြီး ကော်ဟူသည်မှာ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ သဘာဝကာကွယ်ရေးနှင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးတို့ ပေါင်းစပ်ဖွဲ့စည်းထားသော ကိုယ်ပိုင်စနစ်ကို ကျင့်သုံးသည့် နယ်မြေတစ်ခုဖြစ်သည်။ ဤဥယျာဉ်ကို ဒေသခံကရင်ပြည်သူများက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် တရားဝင် စတင်တည်ထောင်ခဲ့ပြီး ကော် ၁၆၈ ခု၊ ဒေသနေပြည်သူ အစုအဖွဲ့ပိုင်သစ်တော ၃၄ ခု၊ ထိန်းသိမ်းထားသော သစ်တော ၈ ခုနှင့် ဘေးမဲ့တော ၃ ခု ပါဝင်ပြီး ဟက်တာ ၅၅၀,၀၀၀ နီးပါး ကျယ်ပြန့်သည်။ ဤနမူနာအတိုင်း အခြား ဒေသခံပြည်သူများက လိုက်ပါဆောင်ရွက်ကြပြီး တဖြည်းဖြည်း “ဖက်ဒရယ်ပြည်ထောင်စု” အတွင်း ပေါင်းစည်းနိုင်ကြမည်ဟု ၎င်းတို့က မျှော်လင့်ထားသည်။

အဖွဲ့အစည်း

ဤဥယျာဉ်ကို ဒေသခံကရင်ပြည်သူများက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် တရားဝင် စတင်တည်ထောင်ခဲ့ပြီး ကော် ၁၆၈ ခု၊ ဒေသနေပြည်သူ အစုအဖွဲ့ပိုင်သစ်တော ၃၄ ခု၊ ထိန်းသိမ်းထားသော သစ်တော ၈ ခုနှင့် ဘေးမဲ့တော ၃ ခု ပါဝင်ပြီး ဟက်တာ ၅၅၀,၀၀၀ နီးပါး ကျယ်ပြန့်သည်။

ဒေသပိုင်မြေများနှင့် သီးသန့်နယ်မြေများကို သတ်မှတ်ခြင်း၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ ဖန်တီးခြင်း၊ မျိုးတုန်းအန္တာရာယ် ရင်ဆိုင်နေရသော မျိုးစိတ်များကိုမှတ်တမ်းတင်ခြင်းများ အပါအဝင် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော ဆောင်ရွက်မှုများကြောင့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ဖြစ်လာခဲ့သည်။ ဤကဲ့သို့ လူသားများနှင့် သဘာဝ လိုက်လျောညီထွေစွာ နေထိုင်မှုကြောင့် သစ်တောနှင့် မြစ်တန်းများ ဆက်လက်ရှင်သန်နေပြီး ကရင်လူမျိုးများအနေဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် ဤဓလေ့ကို ဆက်လက်ကျင့်သုံးလိုသည်။
ဓာတ်ပုံ - Saw Doo Plout Soe
ဌာနေ ကရင့်ထုံးတမ်းမြေစီမံခန့်ခွဲမှုစနစ်ကို “ကော်” ဟု ခေါ်သည်။ ကော် ဆိုသည်မှာ ဒေသအတွင်း စီမံခန့်ခွဲရန် အသိအမှတ်ပြုထားသော နယ်မြေဖြစ်သည်။ ဖြစ်သည်။ မြစ်ဝှမ်းနှစ်ခုကြားမှ မြစ်တန်းများ၊ ရေစီးဆင်းရာ ကမ်းများ၊ မြစ်သိမ်များ နှင့် တောင်ထိပ်များကို ရှင်းလင်းရန် ခွင့်မပြုထားပေ။ ဤကဲ့သို့ ကာကွယ်မှုပေးထားသော ဒေသများအနေဖြင့် ဇီဝစုံလင်ကွဲပြားမှု ဆက်လက်ရှင်သန်နိုင်စေရန် ဘေးမဲ့တောများ နှင့် ဂေဟဗေဒစင်္ကြံများအဖြစ် ဆောင်ရွက်ပေးလျက် ရှိသည်။
Photo: Saw Mort
လွန်ခဲ့သော ၁၅ နှစ်ကျော်အတွင်း ဟတ်ကြီးဆည်လှောင်ကန်နှင့် အခြား ရေအားစွမ်းအင်သုံး ဆောက်လုပ်ရေး အကြီးစားများအား ဆန့်ကျင်ကြောင်း ဌာနေ ကရင်လူမျိုးစုများမှနေ၍ သံလွင်မြစ်ကမ်းတစ်လျှောက်တွင် နှစ်စဉ်နှစ်တိုင်း စုစည်းဆန္ဒပြကြသည်။ လူအများက အားသွန်ခွန်စိုက် ဆန့်ကျင်ကြခြင်းသည်လည်း သံလွင်မြစ်အနေဖြင့် အရှေ့တောင်အာရှရှိ နောက်ဆုံးလက်ကျန် လွတ်လပ်စွာ စီးဆင်းနေသောမြစ် ဖြစ်လာရခြင်းအကြောင်းအရင်းများထဲမှ တစ်ခုပင်ဖြစ်သည်။
ဓာတ်ပုံ - Matias Bercovich
သံလွင်မြစ်ဝကျွန်းပေါ်ဒေသသည် အရှေ့တောင်အာရှတွင် တောရိုင်းတိရစ္ဆာန် နေထိုင်ကျက်စားမှု အများဆုံးနှင့် သဘာဝကျွန်းတော ပေါက်ရောက်မှု အများဆုံး ဒေသတစ်ခု ဖြစ်သည်။ အာရှဆင်၊ ပြောင်နှင့် မျောက်လွှဲကျော်ကဲ့သို့သော ရှားပါးပြီး စုံလင်သည့်တောရိုင်းတိရစ္ဆာန်များသည် ဤဒေသတွင် ဆက်လက်နေထိုင်လျက်ရှိသည်။ လတ်တလောနှစ်များအတွင်း ကျားနှင့် အင်းကျားကဲ့သို့သော မျိုးတုန်းလုအန္တရာယ်ရင်ဆိုင်နေရသော မျိုးစိတ်များ တည်ရှိနေကြောင်း ဌာနေသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတစ်ခုအတွင်း မှတ်တမ်းတင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ ကျေးလက်ဒေသရှိ စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေး

မြန်မာနိုင်ငံ ကျေးလက်ဒေသ၌ စွန့်ပစ်အမှိုက် သိမ်းယူစုဆောင်းရေးနှင့် အမူအကျင့်ပြောင်းလဲရေး စတင်အသက်သွင်းခြင်း