

မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အဖွဲ့
နောက်ခံအကြောင်း
မြန်မာနိုင်ငံသည် ၁၉၉၉-၂၀၁၈ ကာလအတွင်း ရာသီဥတုအလွန်ဆိုးရွားသောဒဏ်ကို ခံရသောနိုင်ငံများအနက် ကမ္ဘာ့နံပါတ် ၂ ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အဓိကတိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဒေါ်လာ ၁၂ ဘီလျံကျော် ပျက်စီးဆုံးရှုံးခဲ့သည်။
စီမံကိန်း
မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အဖွဲ့ (MCCA) သည် ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် ပိုမိုအဖြစ်များလာသော ဆိုင်ကလုန်းများ၊ မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများကို ပိုမိုပြင်းထန်စွာ ရင်ဆိုင်လာရသည့် လပွတ္တာနှင့် ပခုက္ကူရှိ ဒေသခံပြည်သူများအား ပံ့ပိုးကူညီမှုများ ပြုလုပ်လျက်ရှိသည်။ MCCA သည် ပြည်သူများကို အနာဂတ် ကပ်ဘေးဆိုးများနှင့် စီးပွားရေးဆုံးရှုံးမှုများမှ ကာကွယ်ပေးနိုင်ရန်အတွက် အားနည်းချက်များကို လေ့လာဆန်းစစ်ပြီး ဒေသနှင့်လိုက်လျောညီထွေရှိသော အရေးယူဆောင်ရွက်မှုများကို ဖော်ထုတ်ရန်အတွက် အသိုင်းအဝိုင်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် MCCA သည် ဘက်စုံသုံး မုန်တိုင်းအန္တရာယ်ခိုလှုံရေးစခန်းတစ်ခု တည်ဆောက်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လမုပင်များစိုက်ပျိုးရေး၏ အရေးပါပုံတို့ကို ပိုမိုနားလည်သဘောပေါက်ရေး၊ ရေသိုလှောင်ရေး၊ ရေကြီးရေလျှံမှု ကာကွယ်ရေးအတွက် ရေနုတ်မြောင်းစနစ် ပိုမိုကောင်းမွန်အောင် တည်ဆောက်ရေး၊ ပိုမိုခိုင်ခံ့ပြီး ရာသီဥတုဒဏ်ခံနိုင်သော နေအိမ်များ ဆောက်လုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများကို ကျွမ်းကျင်မှုများ တည်ဆောက်ပေးရေးတို့တွင် ပါဝင်ဆောင်ရွက်နေသည်။ ၎င်းသည် မြန်မာနိုင်ငံအတွင်း ရာသီဥတုပြောင်းလဲမှုဒဏ်များကို ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အခြားအသိုင်းအဝိုင်းများနှင့် ပတ်ဝန်းကျင်မြို့နယ်များတွင် ပုံတူပွားလုပ်ဆောင်နိုင်ရန် ရည်ရွယ်သော စမ်းသပ်ပရောဂျက်တစ်ခု ဖြစ်သည်။
အဖွဲ့အစည်း
MCCA ကို ၂၀၁၃ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်ပွားသော စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံ၏ မူဝါဒချမှတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွင်း ရာသီဥတုပြောင်းလဲမှုကို ထည့်သွင်းစေရေးအတွက် ရည်ရွယ်သည်။


အကောင်အထည်ဖော်သူ


ငွေကြေးပံ့ပိုးသူ

ဌာနဆိုင်ရာအဖွဲ့အစည်း မိတ်ဖက်(များ)


ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှု တိုးတက်စေရန် ဒေသနေပြည်သူများကို အားဖြည့်ခြင်း
