
HIMALCA - ဟိမဝန္တာဒေသအတွင်း ကျေးလက်အသက်မွေးလုပ်ငန်းနှင့် ရာသီဥတုပြောင်းလဲမှုများအား လိုက်လျောညီထွေအောင် ပြုပြင်ခြင်း
နောက်ခံအကြောင်း
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ပေါ်ရွာဖြစ်သော လက်မောင်းကွေးရွာတွင် သစ်တောပြုန်းတီးမှုနှင့် မြေဆီလွှာခမ်းခြောက်မှု၊ ရေနှင့် အသက်မွေးလုပ်ငန်း အခွင့်အရေးများအား သုံးစွဲနိုင်ခွင့် နည်းပါးမှု၊ အခြေခံအဆောက်အအုံများ ညံ့ဖျင်းမှုနှင့် မြေယာလုပ်ပိုင်ခွင့်အား တရားဝင် မရရှိမှုတို့နှင့် ဆက်စပ်ပြီး အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရသည်။
စီမံကိန်း
၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သော ပရောဂျက်တွင် ဒေသနေပြည်သူများက အလေးအနက်ထားလာစေရန် အလုံးစုံပါဝင်သော နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ပြီး ကျေးရွာ ၆ ရွာရှိ အိမ်ထောင်စုပေါင်း ၂၉၅ ခုအတွက် ရေ၊ မိလ္လာနှင့် သန့်ရှင်းရေး၊၊ သဘာဝပတ်ဝန်းကျင်၊ တန်ဖိုးမြှင့်ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုအရေးကိစ္စများကို ဖြေရှင်းရန် ရွေးချယ်ခဲ့သော နည်းလမ်းများသည် ရှေးအဆက်ဆက် မြေယာသုံးစွဲမှု အလေ့အထများ (သစ်ခုတ်ခြင်းနှင့် တောမီးရှို့ခြင်း) ကို အရှည်တည်တံ့သော သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း စနစ်အဖြစ်သို့ ကူးပြောင်းလာရေးတွင် ပါဝင်အားဖြည့်ခဲ့ကြသည်။
အထူးသဖြင့် မျိုးစေ့ချခြင်း၊ အပင်မျိုးပွားခြင်း၊ လက်မှုပညာ သင်တန်းပေးခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်းတို့ပါဝင်သော ဝါးလုပ်ငန်း လှုပ်ရှားမှုသည် မြေဆီလွှာ ရေတိုက်စားမှုနှင့် သစ်တောပြုန်းတီးမှုတို့အပေါ် ကောင်းကျိုးများ သိသာစွာဖြစ်ပေါ်စေပြီး အိမ်ထောင်စုများ၏ ဝင်ငွေ တိုးတက်လာစေခဲ့သည်။
အဖွဲ့အစည်း
Myanmar Institute for Integrated Development (MIID) သည် နိုင်ငံ၏ ဒီမိုကရေစီနည်းကျ အသွင်ပြောင်းလဲရေးနှင့် နောက်ဆက်တွဲဖြစ်သော စီးပွားရေးနှင့် လူမှုရေးအပြောင်းအလဲများအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့အခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည်။



အကောင်အထည်ဖော်သူ

ငွေကြေးပံ့ပိုးသူ


ဌာနဆိုင်ရာအဖွဲ့အစည်း မိတ်ဖက်(များ)

မြန်မာနိုင်ငံ၌ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အရှိန်မြှင့်တင်ခြင်း (SUComFor)
အားကောင်းခိုင်မာသော သစ်တောလုပ်ငန်း စီမံအုပ်ချုပ်ရေးအတွက် အဓိကရည်ရွယ်ပြီး ဒေသခံပြည်သူများအား စွမ်းရည်မြှင့်တင်ခြင်း။
