

လမ်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်
နောက်ခံအကြောင်း
မြိတ်ကျွန်းစုတွင်တည်ရှိသည့် လမ်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်ပြီး ရေနေမျိုးစိတ်နှင့် ကုန်းနေမျိုးစိတ်ပေါင်း ၁၂၀၀ ကျော် ရှင်သန်နေထိုင်ကြသည်။ ဥယျာဉ်၏ များပြားစုံလင်လှသည့် ဇီဝမျိုးစုံမျိုးကွဲတို့သည် အလွန်အကျွံငါးဖမ်းခြင်း၊ တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ အမဲလိုက်ခြင်းနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အထိန်းအကွပ်မဲ့စွာ လုပ်ကိုင်ခြင်းတို့ကြောင့် အန္တရာယ်ရင်ဆိုင်နေကြရသည်။
စီမံကိန်း
၂၀၀၉ ခုနှစ်မှစတင်၍ Istituto Oikos သည် ဥယျာဉ် စီမံခန့်ခွဲရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ တိုးတက်လာစေရန်အတွက် နယ်ပယ်အမျိုးမျိုးတွင် လှုပ်ရှားမှုပေါင်းများစွာလုပ်ဆောင်ကာ သစ်တောဦးစီးဌာနကို ပံ့ပိုးကူညီလျက်ရှိသည်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များ၊ ဒေသနေပြည်သူများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပါဝင်ပူးပေါင်းမှုဖြင့် အထွေထွေ စီမံခန့်ခွဲရေး စီမံချက်တစ်ခု ရေးဆွဲခဲ့သည်။ အဓိကအရေးပါသည့် မျိုးစိတ်များကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တရားမဝင်လုပ်ဆောင်ချက်များကို ဥပဒေဖြင့်ထိန်းကျောင်းတင်းကျပ်ခြင်းတို့အတွက် ဥယျာဉ်ရှိဝန်ထမ်းများကို စွမ်းရည်မြှင့်တင်တည်ဆောက်ပေးခြင်းနှင့် လိုအပ်သောကိရိယာများ ပံ့ပိုးခြင်းတို့ လုပ်ဆောင်သည်။ စွန့်ပစ်အမှိုက်စီမံခန့်ခွဲခြင်း တိုးတက်စေရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတိုးရေး လှုပ်ရှားမှုများနှင့် သန့်ရှင်းရေးလုပ်ဆောင်မှုများ အကောင်အထည်ဖော်ကြသည်။ ရေရှည်တည်တံ့သော ငါးဖမ်းလုပ်ငန်း စီမံခန့်ခွဲခြင်းနှင့် သဘာဝခရီးသွားလုပ်ငန်း လှုပ်ရှားမှုများ တိုးတက်ဖွံ့ဖြိုးရေး (ကျေးရွာ ခရီးစဉ်များ၊ လေ့လာရေးခရီးများ၊ လက်မှုလုပ်ငန်း) တို့တွင် ဒေသနေပြည်သူလူထုများကို ပါဝင်လှုပ်ရှားစေသည်။
အဖွဲ့အစည်း
Istituto Oikos သည် ၁၉၉၆ ခုနှစ်တွင် အီတလီတွင် စတင်တည်ထောင်ခဲ့ပြီး ဥရောပ၊ အာရှနှင့် အာဖရိကဒေသတစ်ခွင်တွင် ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်စောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့စေသည့် သဘာဝသယံဇာတအရင်းအမြစ်များ စီမံခန့်ခွဲရေးတို့ကို အဓိကထားသည်။ Oikos သည် မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်ကတည်းက လုပ်ငန်းများစတင်လုပ်ဆောင်ခဲ့သည်။




အကောင်အထည်ဖော်သူ

ငွေကြေးပံ့ပိုးသူ



ဌာနဆိုင်ရာအဖွဲ့အစည်း မိတ်ဖက်(များ)



သဘာဝ
ဧရာဝတီ မြစ်ဝှမ်းဒေသအတွင်းရှိ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများတွင် ရေနှင့် စွမ်းအင်စီမံခန့်ခွဲမှု ရေရှည်တိုးတက်စေရန် ဆောင်ရွက်ခြင်း
