
ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
နောက်ခံအကြောင်း
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ကာကွယ်စောင့်ရှောက်ထားသည့်ဧရိယာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် စတင်တည်ထောင်ခဲ့ပြီး နောက်နှစ် ၂၀အကြာတွင် WCS က ထောက်ပံ့ကူညီသည့် လှုပ်ရှားမှုများစတင်ခဲ့သည်။ ဒေသတွင်းပူးပေါင်းပါဝင်မှုနှင့် ဝန်ထမ်းအင်အားတို့ နည်းပါးခြင်းသည် ထိရောက်သောစီမံခန့်ခွဲမှုဖြစ်ရန် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်သည်။
စီမံကိန်း
WCS သည် သဘာဝဝန်းကျင်နှင် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန (NWCD) ကိုပံ့ပိုးကူညီရန် အဆိုပါဘေးမဲ့တောတွင် လုပ်ငန်းစတင်ခဲ့သည်။ စိတ်ဝင်စားသည့် ဒေသခံပြည်သူများအား ဥပဒေဖြင့်ထိန်းကျောင်းရေး ဒေသခံကင်းသမားများအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် အဆိုပါ အုပ်ထိန်းသူပရိုဂရမ်အတွင်း အတန်းပညာမရှိသည့် တက်ကြွသော ဒေသခံများကို ခန့်အပ်ကာ NWCD နှင့် ဥယျာဉ်အစောင့်ဝန်ထမ်းများကို တောရိုင်းတိရစ္ဆာန် စောင့်ကြည့်လေ့လာရေး ထိရောက်စေရေးအတွက် ပံ့ပိုးကူညီခဲ့သည်။ ယနေ့အထိ ဒေသခံပြည်သူ ကင်းသမား ၅၀ ခန့်အပ်ထားပြီး ကွင်းဆင်းလုပ်ငန်းကို အုပ်ထိန်းသူ ၆၁ ဦးပူးပေါင်းခဲ့သည်။ ဤစနစ်သည် ပူးပေါင်းပါဝင်မှုကို တိုးတက်စေပြီး ဝင်ငွေရစေကာ ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးသမားများနှင့် ဒေသခံပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေသည့်အတွက် ဘေးမဲ့တောအတွင်းရှိ အန္တရာယ်များကို လျော့ကျစေသည်။
အဖွဲ့အစည်း
တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအသင်း (WCS) သည် နိုင်ငံတကာ NGO တစ်ခုဖြစ်ပြီး ၎င်း၏မစ်ရှင်မှာ ကမ္ဘာတစ်ဝန်းရှိ တောရိုင်းတိရစ္ဆာန်နှင့် တောရိုင်းနေရာများကို ကယ်တင်ရန်ဖြစ်သည်။ WCS သည် ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ရေရှည် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကို အစပျိုးပေးခဲ့သည်။




အကောင်အထည်ဖော်သူ

ငွေကြေးပံ့ပိုးသူ






အကောင်အထည်ဖော်သည့် မိတ်ဖက်(များ)

ဌာနဆိုင်ရာအဖွဲ့အစည်း မိတ်ဖက်(များ)

အသေးစားလယ်သမားများအတွက် ရေရှည်တည်တံ့သော သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှု
လယ်သမားများအတွက် ပိုမိုကောင်းမွန်သော သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုအတွက် စုပေါင်းတောင်းဆိုမှုနှင့် လှုပ်ရှားမှုများ တည်ဆောက်ခြင်း
