SMART Textile & Garments
နောက်ခံအကြောင်း
ဓာတ်ငွေ့ထုတ်လွှတ်မှုအတွက် တင်းကျပ်သည့် စည်းကမ်းဥပဒေများ အားနည်းမှုနှင့် လောင်စာအရင်းအမြစ်များအပေါ် ကန့်သတ်မှုမရှိသလောက်ဖြစ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများနှင့် အခြား ကုန်ထုတ်လုပ်ရေးစက်ရုံများသည် ဘွိုင်လာကန်များအတွက် မီးသွေးနှင့် ထင်းလောင်စာကို သုံးလေ့ရှိကြသဖြင့် သစ်တောပြုန်းတီးခြင်း၊ ဒေသတွင်း လေထုအရည်အသွေး ဆိုးရွားစေခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တိုးများစေခြင်းတို့ကို ပိုမိုမြင့်တက်စေသည်။
စီမံကိန်း
စက်ရုံများအတွင်း သန့်ရှင်းမှုရှိပြီး ရေရှည်သုံးစွဲနိုင်ခြင်းမှာ အလေအလွင့်မရှိရန် ပထမအဆင့်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပုံမှန်တွေ့နေကျ အထည်ချုပ်စက်ရုံများသည် အလေအလွင့်များသည့် လုပ်ပုံလုပ်နည်းများနှင့် စပ်လျဉ်းပြီး မသိနားမလည်မှုများကြောင့် လစဉ် ကျပ်ငွေ သန်းပေါင်းများစွာ မလိုအပ်ဘဲ လေလွင့်နေရသည်။ SMART သည် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် အစီအမံများကို အကောင်အထည်ဖော်ခြင်းအားဖြင့် စက်ရုံများကို ငွေ၊ စွမ်းအင်၊ ရေနှင့် စွန့်ပစ်အမှိုက်တို့ သက်သာစေရန် တိုက်တွန်းအားပေးသည်။
ထို့အပြင် SMART သည် နမူနာအနေဖြင့် ဆိုလာစွမ်းအင်စနစ်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအင်ကို ရေရှည်တည်တံ့စွာ ထုတ်လုပ်ကြရန် စက်ရုံများကိုလည်း ဖိတ်ခေါ်သည်။ လျှပ်စစ်ဓာတ်အား သုံးစွဲမှုစရိတ် တရိပ်ရိပ်တိုးလာခြင်း၊ တစ်နှစ်ပတ်လုံးနီးပါး နေရောင်ခြည် ကောင်းစွာရရှိခြင်းနှင့် ကြီးမားကျယ်ပြန့်သည့် အိမ်ခေါင်မိုးနေရာလွတ်ရှိခြင်းတို့ကြောင့် မြန်မာ အထည်ချုပ်စက်ရုံများတွင် ပြန်ပြည့်မြဲ ဆိုလာနေစွမ်းအင်တွင် ရေရှည်တည်တံ့ပြီး အကျိုးအမြတ်ရနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ရန်အတွက် လိုအပ်သောအရာများအားလုံး ပိုင်ဆိုင်ကြသည်။
အဖွဲ့အစည်း
SMART Textile & Garments ကို ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့ပြီး ဂျာမန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး ဖက်ဒရယ်ဝန်ကြီးဌာနက ပူးတွဲ ငွေကြေးထောက်ပံ့သည်။ အဖွဲ့ရည်ရွယ်ချက်မှာ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် လုပ်ငန်းခွင်အခြေအနေများတိုးတက်ရေး၊ အလုပ်သမားစံနှုန်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းများ မြှင့်တင်ရေးနှင့် အလုပ်သမားအခွင့်အရေး အလွဲသုံးစားမှုများ လျှော့ချရေးတို့ဖြစ်သည်။
အကောင်အထည်ဖော်သူ
ငွေကြေးပံ့ပိုးသူ
အကောင်အထည်ဖော်သည့် မိတ်ဖက်(များ)
ဒေသခံများနှင့်ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါရေပြင်ဧရိယာများ
ဒေသနေပြည်သူများအား ပင်လယ်ပြင်၏ သယံဇာတရင်းမြစ်များကို ကာကွယ်စေခြင်းနှင့် ရေရှည်တည်တံ့ရေးအတွက် စီမံခန့်ခွဲစေခြင်း