ဖြူမွန်
Song From Nature (၂၀၂၀)
အင်စတော်လေးရှင်း
၂၅ ပေ x ၂၀ ပေ
ကျွန်မတို့ရဲ့ကမ္ဘာကြီးဟာ ညစ်ညမ်းမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ သစ်တောပြုန်းတီးမှု၊ ဇီဝမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှု အစရှိသဖြင့် အမျိုးမျိုးသော ပြဿနာတွေ ကြုံတွေ့ခံစားနေရတယ်။ ဒီပြဿနာတွေဟာ လူ့လောက ပြောင်းလဲလာခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ သဘာဝတရား၊ သဘာဝသယံဇာတတွေနဲ့ သဘာဝရဲ့တန်ဖိုးတွေကို ပိုမိုကောင်းမွန်စွာ ချဉ်းကပ်ဖို့ လိုအပ်နေပါပြီ။
သဘာဝလောကထဲကနေရာတွေကို ဖော်ကျူးထားတဲ့ ကျွန်မရဲ့လက်ရာဟာ ကြည့်ရှုသူကို သူတို့ကိုယ်ပိုင် ရှုခင်းအလှအပကို မှန်းဆကြည့်ဖို့နဲ့ ဖြစ်နိုင်ရင် ဒီရှုခင်းကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ သူတို့ကိုယ်တိုင် ပါဝင်ရေးကိုပါ စိတ်ကူးကြည့်ဖို့ အစပျိုးပေးနိုင်အောင် ရည်ရွယ်တာပါ။ ကျွန်မ ဒီအင်စတော်လေးရှင်းအတ်အတွက် စိတ်ကူးကို သီချင်းတစ်ပုဒ်ကနေ ရတာပါ။ တိမ်တမန် လို့အမည်ရတဲ့ စန္ဒရားလှထွဋ်ရဲ့ နာမည်ကျော် သီချင်းကြီးတစ်ပုဒ်ရှိတယ်။ ဒီသီချင်းက မိုးတွေ သယ်ဆောင်လာပေးဖို့ တိမ်တွေကို တောင်းဆိုထားတဲ့သီချင်းပါ၊ ဒါမှ သဘာဝပတ်ဝန်းကျင်က အေးမြပြီး ငြိမ်းချမ်းနေမယ်ပေါ့လေ။ အဖြူရောင်က အလင်းရယ်၊ ကောင်းမြတ်ခြင်းရယ်၊ အပြစ်ကင်းတာရယ်၊ သန့်စင်တာရယ်တို့နဲ့ ဆက်စပ်နေတယ်။ အစိမ်းရောင်က ဘဝရယ်၊ အသစ်ပြန်ဖြစ်တာရယ်၊ သဘာဝရယ်၊ စွမ်းအင်ရယ်တို့ကို ကိုယ်စားပြုတယ်။ ကျွန်မရဲ့လက်ရာက အဲဒီသီချင်းရဲ့စာသားတွေနဲ့ အနာဂတ်မှာ ကောင်းမွန်တဲ့ ရာသီဥတု ဆောင်ကြဉ်းလာဖို့ဆိုတဲ့ ကဗျာဆန်တဲ့အရေးအသားကို မီးမောင်းထိုးပြထားတာပါ။