ဇွန်မေဦး
၁၉၉၉ ခုနှစ်မှာ ရန်ကုန်မှာမွေးဖွားခဲ့တဲ့ ဇွန်မေဦးဟာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကနေ (ပြင်သစ်ဘာသာ) ဘွဲ့ရထားသူတစ်ဦးဖြစ်ပါတယ်။ ကလေးဘဝကတည်းကစလို့ သူက ပန်းချီဆွဲတာကို ဝါသနာထုံပြီး သူ့ရဲ့အနုပညာ၊ အထူးသဖြင့် အန်နီမေးရှင်းနဲ့ ပန်းချီကနေတစ်ဆင့် သူ့ရဲ့ခံစားချက်တွေကို လှစ်ဟဖော်ပြရတာ နှစ်ခြိုက်သူဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ Pencell စတူဒီယိုနဲ့အတူ အန်နီမေးရှင်း ပညာရှင်တစ်ဦးအဖြစ်နဲ့ ဒီလောကမှာ လှုပ်ရှားနေပြီး ၂၀၁၉ နဲ့ ၂၀၂၀ မှာ ဒို့အိမ် (Doh Eain) က စီစဉ်ကျင်းပတဲ့ နံရံဆေးရေးပန်းချီ ပရောဂျက်များစွာမှာ ပါဝင်ထားပါတယ်။
We Are Shattered (၂၀၂၀)
ကင်းဗက်စနှင့် နံရံပေါ် အခရိုင်းလစ်
၆ပေ x ၈ ပေ
လူသားမျိုးနွယ်ကို Covid-19 က အကြီးအကျယ် ခြိမ်းခြောက်နေတဲ့အချိန်မှာ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ လျော့ပါးဆုံးရှုံးမှုနဲ့ လုံးဝမတူကွဲပြားလာတဲ့ ပြင်းအားတစ်ခုတို့နဲ့အတူ ဆက်လက်ဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်အကြောင်း ကျွန်မ တွေးမိတယ်။ နောက်ပြီး ဒါက ပိုပို ဆိုးလာဖို့ပဲရှိတယ်။ ဒီပြဿနာကြီးအတွက် ဘယ်သူက လက်သည်တရားခံလဲ၊ ဘယ်သူက အပြစ်မဲ့သားကောင်လဲဆိုတာကို ကျွန်မ သိချင်မိတယ်။ ကျွန်မတို့ကိုယ်တိုင်ပဲလား။ Covid-19 ပြဿနာက ကျွန်မတို့ အတူတကွ နိုးထနိုင်တယ်ဆိုတာကို ပြသနေတာလား။ ဒါမှမဟုတ် လူသားတွေဟာ သူတို့ကိုယ်တိုင် အသက်သေစေမယ့် အန္တရာယ်တစ်ခု ရှိလာမှသာ အရေးတယူထလုပ်တယ်ဆိုတာကိုပဲ ရိုးရိုးလေး သက်သေပြနေတာလား။ ကျွန်မရဲ့လက်ရာမှာ ဒါကိုပဲ ကျွန်မ မေးခွန်းထုတ်ထားပါတယ်။