

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို ဒေသခံအုပ်ထိန်းသူများက ကူညီဆောင်ရွက်မည်
နောက်ခံအကြောင်း
ရခိုင်ပြည်နယ် တောင်ပိုင်းတွင် နေထိုင်ကျက်စားရန်နေရာ ပျောက်ဆုံးလာမှုကြောင့် တောရိုင်းတိရစ္ဆာန်များ ခြိမ်းခြောက်ခံလာရသည်။ အဓိကစိန်ခေါ်မှုတစ်ခုမှာ သစ်တော၏ ပတ်ဝန်းကျင်တွင် နေထိုင်သူများကို ထည့်သွင်းစဉ်းစားရင်း သစ်တောနှင့် တောရိုင်းတိရစ္ဆာန်များကို မည်သို့ ကာကွယ်စောင့်ရှောက်မည်ဟူသောအချက် ဖြစ်သည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော (CF) သည် ဖြေရှင်းနည်းတစ်ခုဖြစ်ပြီး ကျေးရွာများနှင့် အကာအကွယ်ပေးထားသော ဧရိယာများအကြား ကြားခံနယ်အဖြစ် အသုံးပြုနိုင်သည်။
စီမံကိန်း
၂၀၁၀ ခုနှစ်တွင် စတင်ခဲ့သော ဤအစီအစဉ်တွင် ဒေသနေပြည်သူများကို သစ်တောများအား ထိန်းသိမ်းစောင့်ရှောက်ခွင့် ပေးခြင်းဖြင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ဤကနဦးလုပ်ငန်းစဉ်တွင် ထူးခြားသောအချက်မှာ CF ကို ကင်းလှည့်စောင့်ရှောက်ရန်အတွက် ဒေသခံ အုပ်ထိန်းသူအဖွဲ့များ (CGG) ဖွဲ့စည်းခြင်း ဖြစ်သည်။ CGG များကို GPS၊ စမတ်ဖုန်းနှင့် ကင်မရာများ ပေးအပ်ထားပြီး ဒေသခံပြည်သူများအတွက် ဝန်ဆောင်ကြေးအဖြစ် လှည့်လည်ရန်ပုံငွေအနည်းငယ်မှတစ်ဆင့် လုပ်ခရရှိကြသည်။ ၎င်းတို့သည် တရားမဝင်လုပ်ဆောင်ချက်များကို ပရောဂျက်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာန သို့မဟုတ် ရဲတပ်ဖွဲ့ထံသို့ တိုက်ရိုက်သတင်းပို့သည်။
စုစုပေါင်း CGG ၁၀ ဖွဲ့ကို ရခိုင်ရိုးမ ဆင်ဘေးမဲ့တောပတ်ဝန်းကျင် ကျေးရွာ ၁၀ ရွာတွင် ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့အားလုံးပေါင်းပါက သစ်တောပေါင်း ၁,၀၀၀ ဟက်တာခန့်ကို စောင့်ရှောက်နိုင်သည်။ CGG များက ကင်းလှည့်နေသဖြင့် ထိုဒေသများတွင် တရားမဝင်လုပ်ငန်းများ လျော့နည်းလာကြောင်း သိရှိရသည်။
အဖွဲ့အစည်း
၁၉၉၆ ခုနှစ်တွင် အီတလီနိုင်ငံ၌ ထူထောင်ခဲ့သော Istituto Oikos သည် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သဘာဝရင်းမြစ်များ ရေရှည်တည်တံ့ရေး စီမံခန့်ခွဲမှုကို အဓိကထားပြီး ဥရောပ၊ အာရှနှင့် အာဖရိကတစ်ခွင်တွင် လုပ်ဆောင်နေသည်။ Oikos သည် မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က စတင်ပြီး လုပ်ကိုင်ခဲ့သည်။



အကောင်အထည်ဖော်သူ

ငွေကြေးပံ့ပိုးသူ




ဌာနဆိုင်ရာအဖွဲ့အစည်း မိတ်ဖက်(များ)



အင်းတော်ကြီး ဘေးမဲ့တော
သဘာဝတရားနှင့် တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်နှင့် အရှည်တည်တံ့သော အသက်မွေးလုပ်ငန်း ဖြစ်ပေါ်လာစေရန် ပူးပေါင်းဆောင်ရွက်ခြင်း
