သည်မော်နိုင်

သည်မော်နိုင်ဟာ ၁၉၇၁ ခုနှစ်မှာ မြင်းခြံမှာ မွေးဖွားခဲ့ပြီး အိုင်တီပညာကို ဆည်းပူးခဲ့သူဖြစ်ကာ ကဗျာဆရာ၊ ပါဖောမန့်စ် ပညာရှင်၊ ပန်းချီဆရာနဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ၁၉၈၈ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ပထမဆုံးကဗျာစာအုပ်ဟာ မြန်မာနိုင်ငံက နိုင်ငံရေး ကမောက်ကမဖြစ်ရပ်တွေကို သရုပ်လွန် ရုပ်ပုံတွေနဲ့တကွ ဗြောင်ကျကျ ဝေဖန်ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ သည်မော်နိုင်ရဲ့ကဗျာတွေဟာ လက်ရှိကာလ လူမှုရေး အခြေအနေတွေကို မေးခွန်းထုတ်ရုံတင်မကဘဲ စာရေးသူကိုယ်တိုင် အဓိပ္ပာယ် အပြောင်းအလဲတွေအတွက် စမ်းသပ်ခံနယ်ပယ်တစ်ခု ဖြစ်လာမှုနဲ့အတူ အစမ်းသပ်ခံရသူရဲ့ အပိုင်းကဏ္ဍကိုပါ မေးခွန်းထုတ်ပါတယ်။ သူ့ကဗျာတွေဟာ သူ့ကို ဆုပေါင်းများစွာ ရရှိစေခဲ့တဲ့ သူ့ရဲ့ အင်စတော်လေးရှင်းတွေ၊ ပါဖောမန့်တွေနဲ့ ရုပ်ရှင်တွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်လေ့ရှိပါတယ်။

We Live in Gray (၂၀၂၀)

ဖိုင်ဘာမှန်၊ တီဗီ ဗီဒီယိုတို့ပါဝင်သည့် အင်စတော်လေးရှင်း

၁၅ ပေ x ၈ ပေ x ၂ ပေ

လူတွေဟာ အင်မတန် လေထုညစ်ညမ်းနေတဲ့ မြို့ကြီးတွေမှာ နေထိုင်ကြပြီး သူတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်ရှိတဲ့အခြေအနေတွေကို သူတို့ကိုယ်တိုင် သတိမူမိကြပုံမရဘူး။ ရန်ကုန်က လူတစ်ချို့ကပြောကြတယ်၊ သူတို့ ဒီမှာ တစ်သက်လုံးနေလာကြတာဖြစ်လို့ ဘာမှစိုးရိမ်စရာမလိုဘူးတဲ့။ ဒါပေမဲ့ ရန်ကုန်မြို့ကြီးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အများကြီး ပြောင်းလဲသွားပါပြီ။ ၂၀၂၀ ဖေဖော်ဝါရီ ၂၂ မှာ လေထုအရည်အသွေးညွှန်းကိန်းက ၂၄၂ ရှိခဲ့ပြီး သမိုင်းတလျှောက် အမြင့်ဆုံးနှုန်း ဖြစ်သွားပါတယ်။ ရန်ကုန်မြို့အရွယ်အစားထက် သုံးလေးဆမက ပိုကြီးတဲ့ ဘေဂျင်းလို မြို့ကြီးတွေထက်တောင် ပိုဆိုးတဲ့နှုန်းပါပဲ။ ဒီလို ညစ်ညမ်းမှုနှုန်းမျိုးကို အများပြည်သူအတွက် ‘အလွန်ပင် ကျန်းမာရေးထိခိုက်စေတယ်’ လို့ ယူဆကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ လေထုညစ်ညမ်းမှုကြောင့် လူ ၄၅၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီ အင်စတော်လေးရှင်းမှာ အထပ်ထပ်ကျော့ပြထားတဲ့ဗီဒီယိုတစ်ခုက ‘ကျွန်ုပ်တို့ နေထိုင်သည်’ ဆိုတဲ့ စာသားကို ဘာသာစကား အမျိုးမျိုးနဲ့ဖော်ပြပါတယ်။ နောက်ဗီဒီယိုတစ်ခုကတော့ အညိုရောင်မီးခိုးတွေကြားထဲကနေ အရောင်အမျိုးမျိုးကို ပြသပါတယ်။ ဒီ အင်စတော်လေးရှင်းမှာ ကျွန်တော်တို့ အသက်ရှူတဲ့လေနဲ့ ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ပိုမိုအာရုံစိုက် သတိပြုမိလာစေချင်တာပါ။ ကျွန်တော်တို့ဟာ ညစ်ညမ်းနေတဲ့ ကောင်းကင်ယံနဲ့အတူ ဒီလိုနည်းနဲ့ ရှင်သန်နေထိုင်နေရတာကို ဘာကြောင့်များ ကျေနပ်နေကြသလဲဆိုတာကို ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်စေချင်တာပါ။

ဒါပေမဲ့ ဒါတင်မကပါဘူး အစိုးရအဆက်ဆက်ကလည်း သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ ပျက်ကွက်ကြပါတယ်၊ ဒီအကျိုးဆက်အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ဒီ မီးခိုးငွေ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒီလက်ရာက လေထုညစ်ညမ်းမှုအကြောင်းကို ပြောပြရုံတင်မကဘဲ ကျွန်တော်တို့ နေထိုင်နေတဲ့ မီးခိုးငွေ့အခြေအနေနဲ့ မီးခိုးဇုန် အကြောင်းကိုလည်း ပြောပြပါတယ်။