ကောင်းဆု
The Last Stand (၂၀၁၂ ခုနှစ်မှစ၍)
ကင်းဗက်စ၊ စာရွက်နှင့် နီယွန်မီးတို့ပါဝင်သည့် အင်စတော်လေးရှင်း
အရွယ်အစား အမျိုးမျိုး
ကျွန်တော်တို့ရဲ့သစ်တောတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ ပျက်စီးဆုံးရှုံးမှုဟာ ကျွန်တော်တို့ကိုယ်တိုင် အသုံးအဆောင်ပစ္စည်းတွေ၊ ခရီးသွားလာတာ၊ အစားအစာနဲ့ စွမ်းအင် စတဲ့ အကြောင်းအရာအမျိုးမျိုးနဲ့ ကိုယ့်ဘာသာစိတ်ကျေနပ်မှုရအောင် ဖြည့်ဆည်းဖို့ လိုအပ်မှုတွေကနေ အစပြုပါတယ်။ သဘာဝရဲ့ နယ်ပယ်တိုင်းအပေါ်မှာ ဒီလူသားဗဟိုပြုမှုရဲ့ သက်ရောက်မှုပြင်းအားတွေကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်တွေ့နေရပါတယ်။ ကျွန်တော်ဟာ ၂၀၁၂ ခုနှစ်မှာ ‘The Last Stand’ အမည်ရတဲ့ သစ်တောပြုန်းတီးမှု ဆိုင်ရာ ပရောဂျက်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဒီခေါင်းစဉ်ဟာ သစ်ပင်တွေရဲ့ အဆုံးစွန် မှီတွယ်ရာကို ရည်ညွှန်းပြီး ပျက်စီးဆုံးရှုံးမှုနဲ့ ပြန်လည်မွေးဖွားမှု နှစ်ခုစလုံးကို ကိုယ်စားပြုပါတယ်။ ဒီပရောဂျက်ရဲ့စိတ်ကူးကတော့ ကမ္ဘာကြီးပေါ်က ဖျက်ဆီးခံ သစ်တောမြေတွေဆီကနေ လာပါတယ်။ ကျွန်တော်ပေးချင်တဲ့မက်ဆေ့ချ်ကို ပေးနိုင်အောင်လို့ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်၊ ချိပ်၊ ဝါယာကြိုး၊ ပလာစတာမှုန့်၊ ဆံပင်တု၊ သစ်သား၊ မီးရှို့ထားတဲ့အဝတ်စနဲ့ နီယွန်မီးချောင်းတွေလို အရာဝတ္ထုတွေကို သုံးထားပါတယ်။
"ပူနွေးဆဲလေ၊ ပျံသန်းဆဲသစ်တော၊ ပြီးတော့ ပြန်ရှာမရတဲ့သုခ ခံစားမှု...။ အနာတရ သစ်တောမြေနဲ့
မလွတ်မြောက်နိုင်တဲ့ ချုပ်နှောင်မှု ထဲကို ငါ လမ်းလျှောက်ဝင်လိုက်တယ်။ (အဲဒီနေရာကို)ဘယ်သမားတော်စစ်စစ်
မှရောက်မလာဘူး...။ မဲမှောင်တဲ့ ပျောက်ဆုံးမှု ပေါ်က အစိမ်းရောင် ဆုံးရှုံးမှူ....။
ဒီနေရာမှာ ကျန်ရစ်တာက မသိန်ုင်တဲ့ သူတော်စင်၊ မစစ်မှန်တဲ့အရှိတရား ၊ သဘာဝမဆန်တဲ့ လေပြေလေညှင်းပဲပေါ့....။ပြီးတော့ သူတို့အားလုံးဟာ မကောင်းဆိုးဝါးရဲ့ လယ်ဂျာ စာအုပ်ထဲမှာရှင်သန်နေတာပါပဲ။
သို့ပေမယ့် စိမ်းမြတဲ့
မတ်ရပ်သစ်တောဟာရွေးချယ်ခံ ကံတရားနဲ့ အမှောင်ရဲ့ တစ်ဘက်မှာ တဖန် နုပျို ရလိမ့်မယ်။. ,....
အဲဒီနေ့ဟာ နူးညံတဲ့ ကြယ်တွေနဲ့ ပြည့်နေလိမ့်မယ်....။"