ထိန်လင်း
Mangrave (၂၀၁၇)
မာလ်တီမီဒီယာ အင်စတော်လေးရှင်း
အရွယ်အစား အမျိုးမျိုး
နာဂစ်မုန်တိုင်းအပြီးမှာ ကမ်းရိုးတန်းနေ ပြည်သူတွေဟာ မြန်မာနိုင်ငံမှာ လမုတောတွေ ဘယ်လောက် အရေးပါသလဲဆိုတာ စတင်ရိပ်စားမိလာကြတယ်။ လမုတောတွေဟာ ကျွန်တော်တို့ကို မုန်တိုင်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးတယ်။ ကျွန်တော် ဘိုကလေးက မိန်းမလှကျွန်းကို သွားလည်တော့ လမုတောတွေကို မြင်ခဲ့ရာကနေ အိုင်ဒီယာတွေအများကြီး ရခဲ့တယ်။
Mangrave က သစ်ပင်တစ်ပင်ရဲ့ မီးသွေး ပန်းပုရုပ်တစ်ရုပ်ဖြစ်ပြီး ပင်စည်အဟောင်းတွေနဲ့ တည်ဆောက်ထားတယ်။ မီးသွေးထုတ်လုပ်မှုအတွက် လမုတောတွေ ပြုန်းတီးရတာကို စိတ်ကူးပုံဖော်ထားတာပါ။ ဒါက လမုပင်တွေ လျော့နည်းလာရတဲ့ ပင်မအကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ လမုပင်တွေကနေလုပ်တဲ့ ဘိုကလေးမီးသွေးက အရည်အသွေးကောင်းတယ်လို့ နာမည်ကြီးပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ ဒီလို မီးသွေးတွေထုတ်လုပ်တာကို ဦးနေဝင်းခေတ်မှာ အားပေးခဲ့တာဖြစ်ပြီး ရန်ကုန်မြို့က မီးဖိုချောင်တွေအတွက် လောင်စာရရှိစေဖို့ဖြစ်ပါတယ်။ ဒီလိုနဲ့ လမုတော အကြီးအကျယ်ပြုန်းတီးသွားရတယ်။ ကျွန်တော့်ရဲ့ မီးသွေးသစ်ပင်တွေကနေ ပရိသတ်တွေကို လမုတောတွေရဲ့ နဂိုဘဝဆီ ပြန်ခေါ်သွားချင်ပါတယ်။ ဒီလို ရူးမိုက်တဲ့အမှားတွေကနေ ကျွန်တော်တို့ ပြန်နာလန်ထူလာနိုင်ပါဦးမလား။ ကျွန်တော်တို့ရဲ့ မြစ်ဝကျွန်းပေါ် လမုပင်တွေကို ကျွန်တော်တို့ ပြန်လည် အသက်သွင်းနိုင်ပါဦးမလား။