လေ့လာပါ
ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှု၊ သစ်တော၊ စွန့်ပစ်အမှိုက်၊ တစ်ခါသုံးကြွပ်ကြွပ်အိတ်၊ လေထုညစ်ညမ်းမှု။ ထိုစကားလုံးများကို ကျွန်ုပ်တို့အားလုံး သိကြသည်။ သို့သော် ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောများ၏ အကျိုးကျေးဇူးများကို ကျွန်ုပ်တို့မည်မျှအထိ သိရှိကြပါသလဲ။ လေထုညစ်ညမ်းမှုက ကျွန်ုပ်တို့အပေါ် ဘယ်လောက်အထိ ဆိုးကျိုးဖြစ်စေသလဲ။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ တစ်စထက်တစ်စ ကြီးမားလာသော အမှိုက်ပုံဖို့မြေများနှင့်အတူ ကျွန်ုပ်တို့ မြို့ကြီးတွေရဲ့ပုံစံက ဘယ်လိုရှိမလဲ။ ထို့အပြင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေး သို့မဟုတ် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့ လုပ်နိုင်သည့်အရာများကို သိပါသလား။
ဇီဝမျိုးစုံမျိုးကွဲများ
ဇီဝမျိုးစုံမျိုးကွဲများဟူသည် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါမျိုးစိတ် အမျိုးမျိုးကို ခေါ်ဆိုခြင်းဖြစ်သည်။ မြန်မာ့ဇီဝမျိုးစုံမျိုးကွဲများ၏ ကြွယ်ဝမှုကို လေ့လာပါ၊ ထိုကြွယ်ဝမှုကို မည်သည့်နှုန်းနှင့် မည်သည့်နည်းဖြင့် ကျွန်ုပ်တို့က ဖျက်ဆီးနေကြောင်း သိရှိနားလည်ပြီး ကျွန်ုပ်တို့၏ ကမ္ဘာမြေ ဆက်လက်ရှင်သန်ရေးအတွက် မှန်ကန်သောခြေလှမ်းများအကြောင်းကို လေ့လာလိုက်ပါ။
ရာသီဥတုပြောင်းလဲမှု
ကျွန်ုပ်တို့၏ ရာသီဥတုသည် လျင်မြန်စွာ ပြောင်းလဲနေပြီး လူသားတို့၏လုပ်ရပ်များကြောင့် ထိုသို့ပြောင်းလဲနေခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုအကြောင်း နားလည်သဘောပေါက်ပြီး ကျွန်ုပ်တို့လုပ်ရပ်များ၏ အကျိုးဆက်များနှင့်တကွ ကျွန်ုပ်တို့ခေတ်၏ ဤပြဿနာကို ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုပါ ရှာဖွေဖော်ထုတ်လိုက်ပါ။
သစ်တောလုပ်ငန်း
သစ်ပင်များသည် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးအတွက် အလွန်တရာကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ သစ်ပင်များ၏ ပဉ္စလက်အစွမ်းကို တူးဆွကြည့်ပါ၊ မြန်မာ့သစ်တောများအတွင်း လက်တွေ့ဖြစ်ပျက်နေမှုများနှင့် ထိုသစ်တောများကို ကျွန်ုပ်တို့ အရေးတကြီးကာကွယ်ရန် အဘယ်ကြောင့်လိုအပ်ကြောင်း နားလည်သဘောပေါက်အောင် ကြည့်ရှုပါ။
စွန့်ပစ်အမှိုက်နှင့် တစ်ခါသုံးကြွပ်ကြွပ်အိတ်
ပလတ်စတစ်ကို ၁၉၅၀ နှစ်များသို့ရောက်မှ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် ပလတ်စတစ်သည် ကျွန်ုပ်တို့အားလုံး၏ ဘေးပတ်ပတ်လည်တွင် ရောက်ရှိနေပြီဖြစ်သည်။ ယနေ့မြန်မာနိုင်ငံတွင် တစ်ခါသုံးကြွပ်ကြွပ်အိတ်ညစ်ညမ်းမှုကို နေရာတကာတွင် တွေ့မြင်နိုင်သည်။ ယနေ့ ကျွန်ုတို့တွေ့မြင်ရသည့်အရာသည် နောင်နှစ် ၁၀၀၊ ၂၀၀ အထိ ရှိနေဦးမည်ဖြစ်သည်။ ၎င်းကို တိုက်ဖျက်ရန် သင် လုပ်ဆောင်နိုင်သည့်အရာကို ကြည့်လိုက်ပါ။
လေထုညစ်ညမ်းမှု
လေထုညစ်ညမ်းမှုသည် မြန်မာနိုင်ငံတွင် နှစ်စဉ် တစ်စထက်တစ်စ မြင့်တက်လာပြီး ကြီးမားသော လူထုကျန်းမာရေးပြဿနာတစ်ခု ဖြစ်သည်။ လေထုညစ်ညမ်းမှုက သင့်ကျန်းမာရေးကို မည်သို့ထိခိုက်စေကြောင်း၊ ၎င်းသည် မည်သို့ဖြစ်ပေါ်လာကြောင်းနှင့် ကိုယ်ပျောက်ရန်သူတော်ကို တိုက်ခိုက်ရန် ကျွန်ုပ်တို့အားလုံး မည်သို့လုပ်ဆောင်နိုင်ကြောင်းကို နားလည်သဘောပေါက်လိုက်ပါ။